အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး(၂/၂၀၂၂)ကျင်းပ

 

တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှုမရှိစေရေး ကော်မတီ၏ ရည်မှန်းချက်အတိုင်း ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၁၁


အရွယ်မရောက်သေးသူ   ကလေးသူငယ် များအား      စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး        ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ     ကာကွယ်ရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ အရွယ်မရောက် သေးသူ   ကလေးသူငယ်များအား  စစ်မှု ထမ်းဆောင်ခြင်းမှ    ကာကွယ်တားဆီး ထိန်းသိမ်းရေး   ကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်   ၁၀  နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 


လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်


အစည်းအဝေးတွင်    ပြည်ထောင်စု ဝန်ကြီးက      အရွယ်မရောက်သေးသူ ကလေးသူငယ်များ   စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင်  အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ      ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ CTFMR နှင့် Plan of Action လက်မှတ်မရေးထိုးမီ ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်အထိ အရွယ် မရောက်သေးသူ ကလေးသူငယ်  ၅၉၇  ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပေးခဲ့ ပါကြောင်း၊ ထို့နောက် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ တွင် တပ်မတော်(ကြည်း)ပါဝင်နေခြင်း အား  စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် အစိုးရနှင့်   Country  Task  Force  on Monitoring and Reporting (CTFMR)တို့အကြား     အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်  (Plan  of  Action) ကို  ၂၀၁၂ ခုနှစ် ဇွန် ၂၇  ရက်တွင်  လက်မှတ် ရေးထိုးပြီး     ပူးပေါင်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ အဆိုပါ စီမံချက်အရ CTFMR နှင့် ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့်  အသက်မပြည့် စစ်သည်      ၁၀၂၉    ဦးကို  တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ    မိဘအုပ်ထိန်းသူ များထံ       ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့နောက် CTFMR နှင့် အသက်မပြည့်ကြောင်း   အတည်ပြုပြီး ဖြစ်သည့် စစ်သည်  ၂၈ ဦးကိုလည်း ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် မိဘအုပ်ထိန်းသူ များထံ   ထပ်မံလွှဲပြောင်းပေးခဲ့ရာ  ယခု အချိန်အထိ  ၁၀၅၇ ဦး ရှိပြီဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ လအထိ     တပ်မတော်သို့      တာဝန် ထမ်းဆောင်ရန်    ဝင်ရောက်လာသော လူငယ်များအား စိစစ်ခဲ့ရာ အသက်မပြည့် သံသယဖြစ်ဖွယ်    လူငယ်    ၄၅   ဦးနှင့် ဆန္ဒမပါသူ  ၁၄၀  စုစုပေါင်း  ၁၈၅ ဦးကို လက်ခံခြင်းမပြုဘဲ မိဘအုပ်ထိန်းသူများ ထံသို့    ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ သံသယစစ်သည် ၇၉ ဦးကို CTFMR နှင့် အမှုတွဲတိုက်ဆိုင်စစ်ဆေးရန်      စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မှန်ကန် ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် CTFMR မှ ထပ်မံပေးပို့လာသည့်   သံသယဖြစ်ဖွယ် စစ်သည် ၁၂ ဦးကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊        လက်ရှိတွင် တပ်မတော်အနေဖြင့်     တပ်သားသစ် စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက် သေးသူ   ကလေးသူငယ်များအား   စစ်မှု ထမ်းဆောင်ခြင်းမှ   ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ် ပြဋ္ဌာန်းချက်များနှင့် အညီ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ အတိုင်း   စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေး      လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ        ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကော်မတီအစည်းအဝေးများကို   ပုံမှန် ကျင်းပလျက်ရှိပြီး   ကော်မတီအနေဖြင့် တပ်မတော်အတွင်း    ကလေးစစ်သား အသုံးပြုမှုမရှိစေရေး       ကော်မတီ၏ ရည်မှန်းချက်အတိုင်း   ဆောင်ရွက်လျက် ရှိသကဲ့သို့  ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ပါကြောင်းနှင့်  အစည်း အဝေးတွင်     ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအပေါ်    ဆောင်ရွက် ပြီးစီးမှုအခြေအနေများကိုလည်း CTFMR သို့   အသိပေးအကြောင်းကြားလျက် ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

 


ကဏ္ဍများအလိုက် အကြံပြုဆွေးနွေး


ထို့နောက်     အစည်းအဝေးတက် ရောက်လာကြသည့် ကော်မတီဝင်များနှင့်  ကိုယ်စားလှယ်များက   အရွယ်မရောက် သေးသူ  ကလေးသူငယ်များအား  စစ်မှု ထမ်းဆောင်ခြင်းမှ    ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းနှင့်  ပတ်သက်၍ သက်ဆိုင်ရာ   ကဏ္ဍများအလိုက် ရှေ့လုပ်ငန်းစဉ်များအပေါ်       အကြံပြု ဆွေးနွေးခဲ့ကြပြီး       ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

 


အဆိုပါ   အစည်းအဝေးသို့   အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ       ကာကွယ် တားဆီး ထိန်းသိမ်းရေးကော်မတီဝင်များ နှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်