အရည်အသွေးကောင်း အာလူးများ စီးပွားဖြစ်အမြောက်အမြား စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် တစ်သျှူးနည်းပညာသုံး မျိုးအာလူးများ ထုတ်လုပ်ပေးမည်

နေပြည်တော် ဇွန် ၂၉


အရည်အသွေးကောင်း   အာလူးများ     စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက်     တစ်သျှူးနည်းပညာ အသုံးပြု၍ မျိုးအာလူးထုတ်လုပ်နိုင်ရေးကို ဌာနပိုင် သုတေသန ဓာတ်ခွဲခန်းများ၊  စိုက်ပျိုးရေးခြံများနှင့် ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှုများအတွက် စီမံချက် များ  စနစ်တကျ ညှိနှိုင်းရေးဆွဲရန်  လိုအပ်ကြောင်း၊ ရေရှည်တွင် စီးပွားဖြစ် မျိုးထုတ်လုပ်ခြင်းနှင့် မျိုးသို လှောင်   ဖြန့်ဖြူးရောင်းချခြင်းကို ပုဂ္ဂလိကပိုင်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန်  အကူအညီပေး သွားမည်ဖြစ်ကြောင်း၊    လုပ်ငန်းများ   ထိရောက် အောင်မြင်ရေးအတွက်  ဘက်စုံပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း    ဇွန်၂၇ ရက်က   ရှမ်းပြည်နယ် ဟဲဟိုးအာလူးအသင်း၊  နောင်တရား   အာလူးစိုက် တောင်သူအသင်းများနှင့်  တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။


စိုက်ပျိုးစရိတ်ချေးငွေရရှိရေး


တွေ့ဆုံပွဲသို့   ဟဲဟိုးအာလူးအသင်းနှင့် နောင် တရား အာလူးစိုက်တောင်သူအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဟဲဟိုးနှင့်   နောင်တရား  အာလူးစိုက်တောင်သူအစု အဖွဲ့မှ    ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြပြီး လက်ရှိ အာလူးစိုက်ပျိုးထုတ်လုပ်နေမှု၊ မျိုးအာလူး သိုလှောင်မှုများနှင့်     တိုးချဲ့ဆောင်ရွက်မည့်   ရှေ့ လုပ်ငန်းစဉ်များတွင် မျိုးအာလူး တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့် ရရှိရေး၊ စားသုံးရန်အာလူးများ ပြည်ပမှတင်သွင်းနေမှုကို   ထိန်းချုပ်ရေး၊  အာလူး စိုက်ပျိုးစရိတ် ချေးငွေရရှိရေးဆိုင်ရာများကို ဆွေးနွေး ကြသည်။ 


 စီစဉ်ဆောင်ရွက်သွားမည်


ရှမ်းပြည်နယ်တွင် အာလူးစိုက်ဧက ငါးသောင်း ကျော်ရှိကြောင်း၊ အာလူးစိုက်ပျိုးရာတွင် အထွက် နှုန်းနှင့် အရည်အသွေးတိုးတက်ရေးအတွက် မျိုးထား မျိုးလှောင် အသုံးပြုခြင်း  လိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေးသုတေသန ဦးစီး ဌာနနှင့်    စိုက်ပျိုးရေးဦးစီးဌာနတို့  ပူးပေါင်း၍  တစ်သျှူးနည်းပညာဖြင့်  မျိုးအာလူးများ ထုတ်လုပ် ပေးနိုင်ရေး    စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး  မျိုး သန့်ပွားများခြင်း     လုပ်ငန်းများတွင်  ပုဂ္ဂလိက လုပ်ငန်းရှင်များက ပါဝင်ပူးပေါင်း ဆောင်ရွက်ရေး နှင့် မျိုးပွားခြင်း၊  မျိုးသိုလှောင်ခြင်းနှင့် မျိုးဖြန့်ခြင်းကို အကျိုးဆောင်တောင်သူများ ဖွဲ့စည်းလျက် ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆောင်ရွက်ရန်လိုအပ်မည်  ဖြစ် ကြောင်း သိရသည်။

 
ကြည့်ရှုစစ်ဆေး


ယင်းနောက်    ပြည်ထောင်စုဝန်ကြီးသည်  ရှမ်း ပြည်နယ်၏  လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်စဉ်  အောင်ပန်းနှင့် ဟဲဟိုးဒေသ အတွင်း     ဟင်းသီးဟင်းရွက်  လက်ကားဈေးများ တည်ထောင်ခြင်းနှင့် လယ်ယာထွက်ကုန် အခြောက် လှန်းခြင်း၊  သိုလှောင်ခြင်းနှင့်  တန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် မြေနေရာ ရွေးချယ်သတ်မှတ်နိုင်ရေး  ကြည့်ရှုစစ်ဆေးသည်။
အလားတူ ကလောမြို့နယ်  အင်းခေါင်းကျေးရွာ တွင် ဟဲဟိုးအာလူးကုမ္ပဏီ၏ အအေးခန်း သိုလှောင် ရုံနှင့် နောင်တရားရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုး ရေး   ထွက်ကုန်များ    ပြုပြင်ထုပ်ပိုးရေးစင်တာနှင့် အအေးခန်းသိုလှောင်ရုံ  တည်ဆောက်ခြင်းလုပ်ငန်း ခွင်များကို  ကြည့်ရှုအားပေးသည်။


လက်ရှိတွင် ဟဲဟိုး၌ သိုလှောင်ရုံ နှစ်ခုရှိပြီး မျိုး အာလူး တန် ၁၅၀၀ ခန့်သာ  သိုလှောင်နိုင်လျက်ရှိရာ တည်ဆောက်လျက်ရှိသည့် သိုလှောင်ရုံများ ပြီးစီးပါ က အင်းခေါင်းအအေးခန်း  သိုလှောင်ရုံတွင်    မျိုး အာလူး တန် ၁၀၀၀နှင့်  နောင်တရား အအေးခန်း သိုလှောင်ရုံတွင် တန် ၂၀၀၀  စုစုပေါင်း မျိုး အာလူး တန် ၃၀၀၀ ထပ်မံ  သိုလှောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။    

                               
    သတင်းစဉ်