အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် side events များသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၂၄


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များဖိုရမ် (Southeast Asia National Human Rights Institutions Forum -SEANF)၏ (၁၇)ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေးနှင့် Webinar on National and International Initiatives on Torture Prevention၊ Online Dialogue on Statelessness Issues in Sabah တို့ကို ၂၀၂၀ ပြည့်နှစ် အတွက် ဖိုရမ်၏အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသော အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (Komnas HAM)ကဦးဆောင်၍ နိုဝင်ဘာ ၂၄ ရက် မှ ၂၆ ရက်အထိ virtual online conferencing စနစ် အသုံးပြု၍ ကျင်းပလျက်ရှိသည်။
အဆိုပါဖိုရမ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် side events များ သို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမော လက်စ်တေနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အမျိုး သား လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ရုံးဝန်ထမ်းများ ပါဝင် တက်ရောက်ကြသည်။
ဖိုရမ်၏ နှစ်ပတ်လည်အစည်း အဝေးတွင် ဖိုရမ်၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးအပြီး ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ၏ လူ့အခွင့် အရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက် ချက်များနှင့် တိုးတက်အောင်မြင်မှု များ၊ ဖိုရမ်၏ Guidelines for use of SEANF social media platform အတည်ပြုချမှတ်ခြင်းကိစ္စ၊ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာ ရပ်နှင့်စပ်လျဉ်း၍ ဖိုရမ်အဖွဲ့ဝင်များ အကြား အတွေ့အကြုံကောင်းများ မျှဝေဆွေးနွေးခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ရွှေ့ပြောင်းအလုပ်သမားများ နှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အခြေအနေနှင့် စပ်လျဉ်းသည့် ဖိုရမ်၏ ထုတ်ပြန်ချက်ကို အတည်ပြုချမှတ် ခြင်း၊ ဖိုရမ်၏အမြဲတမ်းအတွင်းရေးမှူး ချုပ်ရုံး (Permanent Secretariat) တည်ထောင်ရေးကိစ္စရပ်များ၊ လူ့အခွင့် အရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ကို ဆွေးနွေးကြမည်ဖြစ်သည်။
ဖိုရမ်နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုး သား လူ့အခွင့်အရေးကော်မရှင်များနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့် အရေးကော်မရှင် (ASEAN Inter-governmental Commission on Human Rights-AICHR) တို့၏ အလွတ်ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင် ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲ သည် ဒေသအဆင့် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SEANF နှင့် AICHR တို့အကြား ပထမဦးဆုံး ကျင်းပသည့် အစည်းအဝေးဖြစ်သည်။
ဖိုရမ်၏ နှစ်ပတ်လည်အစည်း အဝေးနှင့် side events များကို နိုဝင် ဘာ ၂၆ ရက်အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး နှစ်ပတ်လည်အစည်း အဝေးအပြီးတွင် ဖိုရမ်၏ ၂၀၂၁ ခုနှစ် အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်