
နေပြည်တော် ဩဂုတ် ၁၇
အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ် ဌာနချုပ် ဘောလုံးကွင်း၌ ပြုလုပ် ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်း အောင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ ဝင်များနှင့် အားကစားဝါသနာ ရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၁၀၀ (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ၊ မီတာ ၁၅၀၀ (အမျိုးသား၊ အမျိုး သမီး) ပြိုင်ပွဲ၊ မီတာ ၄၀၀ တန်း ကျော် (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ၊ လက်ဆင့်ကမ်း (အမျိုး သား၊ အမျိုးသမီး) ပြိုင်ပွဲများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိကြသူ များနှင့် ဒိုင်းဆုရရှိသော အသင်း တို့ကို တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဆုများ ပေးအပ်ကြ သည်။
အဆိုပါပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင် အမျိုး သား ရှစ်သင်း၊ အမျိုးသမီး ရှစ်သင်း၊ ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးတို့ဖြင့် ဩဂုတ် ၁၀ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်