
နေပြည်တော် ဇူလိုင် ၂၉
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်း၌ တည်ထား ကိုးကွယ်လျက်ရှိသော ရတနာမာန်အောင်ဆုတောင်းပြည့် မင်္ဂလာ စုမ့်မိုင်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်များ တင်လှူ ခြင်း၊ ဌာပနာတော်သွင်းခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တောင်ကြီးမြို့ စွန်းလွန်းဂူကျောင်းတိုက် နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စွန်းလွန်းဂူ ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူပြီး ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲများကို စေတီ တော်ရင်ပြင်တွင် ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူတို့က သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များထံမှ အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်နှင့် ဌာပနာတော်ပစ္စည်းများကို စေတီတော်အား လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်၍ ရထားပျံဖြင့် ထီးတော်ဘုံအဆင့်များ၊ ငှက်မြက် နားတော်နှင့် စိန်ဖူးတော်၊ အရံစေတီ လေးဆူအား ရွှေထီးတော်တင်လှူ ပူဇော်ပြီး ဌာပနာတော်များ ထည့်သွင်းပူဇော်ကြသည်။ ထို့နောက် သံဃာ တော်များမှ ရတနာမာန်အောင်ဆုတောင်းပြည့် မင်္ဂလာစုမ့်မိုင်းစေတီ တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း၊ အောင်မြေထည့်သွင်းခြင်း ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် သံဃာ တော်များက ရတနာမာန်အောင် ဆုတောင်းပြည့် မင်္ဂလာစုမ့်မိုင်းစေတီ တော်မြတ်ကြီး ကုန်းတော်ပေါ်တွင် အောင်သပြေပင်များ စိုက်ပျိုးပေးပြီး အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်