အရေးပေါ်အခြေအနေအတွက် ရန်ပုံငွေထောက်ပံ့မှု ဌာနသစ် ASEAN+ 3 နိုင်ငံများ ထူထောင်မည်

 

တီဘလီစီ   မေ    ၄
ဂျပန်၊ တရုတ်၊   တောင်ကိုရီးယား နှင့်   အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) တို့မှ ဘဏ္ဍာရေး ဝန်ကြီးများနှင့်     ဗဟိုဘဏ် အကြီးအကဲတို့သည်   သဘာဝ ဘေးအန္တရာယ်  သို့မဟုတ်  ကပ် ရောဂါကဲ့သို့သော   အရေးပေါ် အခြေအနေများတွင် အချင်းချင်း အလျဉ်မီ ပံ့ပိုးပေးနိုင်ရေးအတွက်    ဌာနသစ်တစ်ခု   ထူထောင်ရန်   သဘောတူလိုက်ကြောင်း  အင်န် အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 
ဂျပန်ဘဏ္ဍာရေး    ဝန်ကြီး   ဆူဇူကီးရှူနိချိနှင့်  ဂျပန်ဘဏ် ဒုတိယအကြီးအကဲ    ဟိမိနိုရွိုင်ဇို အပါအဝင်   တက်ရောက်သူများ သည်   မေ   ၃ ရက်တွင် ဂျော်ဂျီယာ နိုင်ငံ     တီဘလီစီမြို့၌   တွေ့ဆုံခဲ့ ကြသည်။  ၁၉၉၇ ခုနှစ်  အာဆီယံ ဘဏ္ဍာရေး အကျပ်အတည်းတွင် ထူထောင်ခဲ့သော Chiang Mai initiative အောက်၌  ဌာနသစ်ကို ထူထောင်ရန်   ကိုယ်စားလှယ် များက   သဘောတူခဲ့ကြခြင်း ဖြစ်သည်။ 
အသေးစိတ် အချက်အလက် များကို ၂၀၂၅ ခုနှစ်မတိုင်မီ ရေးဆွဲ သွားမည်ဖြစ်ကြောင်း ၎င်းတို့က  ပြောသည်။    နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ဈေးကွက်မြင့်တက် လာခြင်းကဲ့သို့သော     အန္တရာယ် များက မကြာမီတွင် ASEAN+ 3 နိုင်ငံများကို ထိခိုက်စေနိုင်ကြောင်း တွေ့ဆုံဆွေးနွေးမှုအပြီး    ပူးတွဲ ကြေညာချက်တွင်  ဖော်ပြထား သည်။             အင်န်အိတ်ချ်ကေ