အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်

 

နေပြည်တော်  ဇွန်  ၁၀


အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် ၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း  ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာန ချုပ်ရှိ    အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ   တိုင်းမှူး   ဗိုလ်ချုပ် လှမိုးနှင့်  အဖွဲ့ဝင်များ၊  အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင် များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။      ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက   အဖွင့်ပွဲစဉ်ဖြစ်သည့် ခိုလမ်တပ်နယ် (ခ) အသင်းနှင့် ကွန်ဟိန်းတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

 


အဆိုပါ       တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်      ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဇွန် ၁၇ ရက်အထိ ကျင်းပသွားမည်    ဖြစ်ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်