အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ်(၁၁) နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၂) သင်တန်းဆင်းပွဲ အခမ်းအနားများကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၂၅


အရာထမ်းလောင်း       (အထူး)သင်တန်းအမှတ်စဉ်     (၁၁)    နှင့် အခြေခံပညာ ဆရာ  ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၂) သင်တန်းဆင်းပွဲ အခမ်းအနား များကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်          (အထက် မြန်မာပြည်)  ၌ ကျင်းပသည်။ 


ဦးစွာ        အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို တက္ကသိုလ်         စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့် က    သင်တန်း၌   ထူးချွန်ဆုရရှိသူ များကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း   အောင်လက်မှတ် များ ပေးအပ်သည်။


ယင်းနောက်    ပြည်ထောင်စု ရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် က သင်တန်းသား   သင်တန်းသူ များအနေဖြင့်     နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် နှင့်        ဦးတည်ချက်များကို အကောင်အထည်ဖော်ရာ၌  ထမ်း ဆောင်ရမည့် တာဝန်၊  စောင့်ထိန်း ရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ  ပေးအပ် လာသည့် တာဝန်များကို ဦးလည် မသုန်   ကျေပွန်စွာထမ်းဆောင် ကြရန်နှင့်   နိုင်ငံ့ဝန်ထမ်း  သစ္စာ အဓိဋ္ဌာန်ခြောက်ချက်ကို  ဦးထိပ် ပန်ဆင်ပြီး     နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ     ပြဋ္ဌာန်းချက် များ၊ ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ပါ အချက်များနှင့်အညီ ဂုဏ်သိက္ခာ ရှိသည့်         နိုင်ငံ့ဝန်ထမ်းများ ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြ ရန် တိုက်တွန်းပြောကြားသည်။


ထို့နောက်       အရာထမ်း လောင်း(အထူး) သင်တန်းအမှတ် စဉ်(၁၁)  ဘွဲ့နှင်းသဘင်   အခမ်း အနားကို      တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပပြီး   နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်    (အထက် မြန်မာပြည်)       ပါမောက္ခချုပ် ဦးကျော်စိုးက       သင်တန်းသား သင်တန်းသူများကို      ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု       ဘွဲ့လွန် ဒီပလိုမာလက်မှတ်များ ပေးအပ် ချီးမြှင့်သည်။ 
အဆိုပါ       သင်တန်းသို့ သင်တန်းသား ၇၀၊  သင်တန်းသူ ၂၁၃ ဦး စုစုပေါင်း ၂၈၃ ဦး  တက် ရောက်ပြီး    သင်တန်းကာလမှာ ရက်သတ္တ  ၁၆  ပတ်  ကြာမြင့်ခဲ့ ကြောင်း သိရသည်။


ဆက်လက်၍  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် သည်      တက္ကသိုလ်၌     ဖွင့်လှစ် သင်ကြားနေသည့်  သင်တန်းများ နှင့် တက္ကသိုလ်တွင်  ဆောက်လုပ် လျက်ရှိသော    တည်ဆောက်ရေး လုပ်ငန်းများကို       လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်    တွေ့ဆုံကာ လိုအပ်သည်များ      ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက်         အခြေခံပညာ ဆရာ    ဆရာမများ   အထူးမွမ်းမံ သင်တန်းအမှတ်စဉ်          (၇၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာခန်းမ၌ ကျင်းပရာ ပညာ ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာ          မိုးဇော်ထွန်း၊ ပြည်ထောင်စု       ရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်     ဦးဆန်းမြင့်၊ အမြဲတမ်းအတွင်းဝန်     ဦးအောင် တင်စိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)    ပါမောက္ခ ချုပ်၊ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသား    သင်တန်းသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင်    ပညာရေး ဝန်ကြီးဌာန       ဒုတိယဝန်ကြီးက ဆရာ        ဆရာမများအနေဖြင့် လေ့ကျင့်         သင်ကြားခဲ့သည့် ဘာသာရပ်သင်ခန်းစာများကို မိမိ တို့ လက်တွေ့လုပ်ငန်းခွင် အတွေ့ အကြုံများနှင့် ပေါင်းစပ်ပြီး မိမိတို့ ၏ အရည်အသွေး၊  စွမ်းဆောင်ရည် နှင့်  အတတ်ပညာများ ပြည့်ဝစေ ရေး          ကြိုးစားကြရန်နှင့် ကျောင်းသား    ကျောင်းသူများ၏ အတွေးအခေါ်  ကောင်းမွန်စေရေး နှင့် ပညာရပ်များကို   မှန်ကန်စွာ တတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြစေလိုကြောင်း၊ နိုင်ငံ၏   အမျိုးသားပညာရေးကို မြှင့်တင်နိုင်သော    နိုင်ငံ့ဝန်ထမ်း ကောင်း ဆရာ ဆရာမများအဖြစ် လူ့စွမ်းအားအရင်းအမြစ်     ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် သွားကြရန်   တိုက်တွန်းပါကြောင်း ပြောကြားပြီး    ထူးချွန်ဆု   ရရှိသူ များကို  ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်း   အောင်လက်မှတ် များ ပေးအပ်သည်။


အဆိုပါ        သင်တန်းသို့ သင်တန်းသား ၈၉ ဦး၊ သင်တန်းသူ ၃၈၃   ဦး စုစုပေါင်း ၄၇၂ ဦး တက် ရောက်ကြပြီး    သင်တန်းကာလ ရက်သတ္တငါးပတ်      ကြာမြင့်ခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်