အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက်  အလှူရှင်များက COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့်  အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  ဇွန်   ၂၉


အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ အရာရှိ၊   စစ်သည်၊    မိသားစုများနှင့်  ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက်  COVID- 19 ကာကွယ်ရေး  အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများအား အလှူရှင်များက  ပေးအပ်လှူဒါန်း ခြင်းကို  ယနေ့နံနက်ပိုင်းတွင်   တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင် များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး အလှူရှင်များ ကိုဗစ်- ၁၉  ရောဂါကာကွယ်ရေး ပစ္စည်းများနှင့်  အလှူငွေများကို  အသီးသီးပေးအပ် လှူဒါန်းရာ  တိုင်းမှူးက   လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။  
ဆက်လက်၍ တိုင်းမှူးနှင့်   အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ     ကိုဗစ်- ၁၉   ပရဟိတကွန်ရက်၊ COVID-19 Operation  Team နှင့် Freedom Volunteer ကွန်ရက်များသို့ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ ၆၀၀၊ လက်အိတ် အစုံ ၆၀၀ ၊ နှာခေါင်းစည်း  ၅၀၀၀ နှင့် စက်သုံးဆီဂါလန် ၆၀၀ တို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။ 
ယင်းနောက် တိုင်းမှူးနှင့်  အဖွဲ့ဝင်များသည် လားရှိုးမြို့ ကိုဗစ်- ၁၉    ကုသရေးစင်တာ(၁)ရှိ လူနာများအတွက်  Lemon Fresh အချိုရည်ဘူး ၁၀၀၀ နှင့် Vitahome အားဆေးအလုံး ၂၄၀၀၀ တို့ကို  ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ ကြောင်း သတင်းရရှိသည်။                   သတင်းစဉ်