APTERR အစီအစဉ် - ၃ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့ Program Management Team(PMT) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်   မတ်  ၂၄


ASEAN Plus Three Emergeမncy Rice    Reserve -        (APTERR) အစီအစဉ် - ၃  ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်း         စီမံခန့်ခွဲရေးအဖွဲ့ Program Management Team (PMT)     အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းက  နေပြည်တော် သင်္ဂဟဟိုတယ်၌       ကျင်းပရာ အခမ်းအနားတွင်  PMT  ဥက္ကဋ္ဌ စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်  ဦးကျော်မင်းဦး၊ PMT ဒုတိယဥက္ကဋ္ဌများ    ဖြစ်ကြသည့် စီမံကိန်းဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ်      ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း နှင့်       အဖွဲ့ဝင်များ   စုံညီစွာ တက်ရောက်ကြသည်။

 


အလုပ်ရုံ        ဆွေးနွေးပွဲတွင် APTERR အစီအစဉ်-၃ အကောင် အထည်ဖော်  ဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊    လုပ်ထုံး လုပ်နည်းများ၊ APTERR အစီအစဉ် တွင် မြန်မာနိုင်ငံမှ  ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုနှင့်           လက်ရှိ ဆောင်ရွက်နေမှု၊  APTERR အစီ အစဉ် - ၃   အကောင်အထည်ဖော် ဆောင်ရွက်မှုမှရရှိသည့်  အကျိုး ကျေးဇူးများနှင့်   မြေပြင်အတွေ့ အကြုံများကို     ဆွေးနွေးခဲ့ကြ ကြောင်း၊  အာဆီယံ အပေါင်း-၃ အရေးပေါ်  အရန်ဆန်ရိက္ခာ  အစီ အစဉ်(၃) APTERR (Tier-3) တွင် သိုလှောင်ဆန်ကို   လှူဒါန်းမှု  အကူအညီဖြင့်  ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ အရေးပေါ် ကူညီထောက်ပံ့မှုသည် အကူအညီရယူသည့်    နိုင်ငံ၏ ဆင်းရဲချမ်းသာမှု၊ ဆန်စပါး ထုတ်လုပ်နိုင်မှု    စွမ်းအားတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေး၊  အရေးပေါ် လိုအပ်ချက်   ကြုံတွေ့ရပါက ထိရောက်သော  ဆန်ရိက္ခာ ကူညီ ထောက်ပံ့ပေးနိုင်ရေးကို ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း   သိရ သည်။


သတင်းစဉ်