အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့  

Type
777

 

 

သီသီသောင်း

 

၁၉၇၇ ခုနှစ် မေလ  ၁၈ ရက်နေ့မှစတင်ပြီး   အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (International Council of Museum) မှ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ဦးဆောင်ကျင်းပခဲ့သည်မှာ ၂၀၂၂ ခုနှစ် မေလ  ၁၈  ရက်နေ့တွင် ၄၅ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ 

အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (IC-OM) ကို ၁၉၄၆ ခုနှစ်   ပြင်သစ်နိုင်ငံ  ပါရီမြို့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး    အဖွဲ့ဝင်ပြတိုက် ပေါင်း  ၂၀၀၀၀ ကျော်၊      ပြတိုက်ပညာရှင်ပေါင်း  ၃၅၀၀၀  ကျော်နှင့် ကမ္ဘာတစ်ဝန်းလုံး ပြတိုက်ဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းကော်မတီ  ၁၇၂၃ ကျော်ဖြင့် ပြတိုက်ပညာရပ်ဆိုင်ရာ     မျိုးဆက်သစ်များအား စဉ်ဆက်မပြတ်    လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ ပေသည်။ 
အပြည်ပြည်ဆိုင်ရာ     ပြတိုက်များကောင်စီ  (ICOM) သည် ပြတိုက်များကို စနစ်တကျ စုစည်း၍ ပြတိုက်ပညာရပ်ဆိုင်ရာ       နည်းပညာများနှင့် ပတ်သက်သည့် အကြံဉာဏ်များ၊ ပြတိုက်ပညာရပ် ဆိုင်ရာကျွမ်းကျင်မှု  အကူအညီပေးနိုင်ရန်အတွက် နိုင်ငံပေါင်း  ၆၀ ကျော်မှ  အမျိုးသားပြတိုက်အဆင့် ကော်မတီများနှင့်  ဆက်သွယ်ထားရှိပြီး  တစ်ကမ္ဘာ လုံးမှ  ပြတိုက်လုပ်ငန်းဆိုင်ရာ  အဖွဲ့အစည်းပေါင်း  ၂၂၀၀ ကျော်နှင့်လည်း       ဆက်သွယ်ဆောင်ရွက် လုပ်ကိုင်လျက်ရှိပေသည်။
တန်ဖိုးမဖြတ်နိုင်သည့်   နိုင်ငံရတနာများ
ကမ္ဘာပေါ်ရှိ     နိုင်ငံအသီးသီးတွင်   ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဓလေ့ရိုးရာထုံးတမ်းအစဉ်အလာများ၊ သမိုင်းတန်ဖိုးလက်ရာများ၊    ရှေးဟောင်းတန်ဖိုး လက်ရာများ မတူကွဲပြားစွာ ရှိနေကြပေသည်။ ထို တန်ဖိုးမဖြတ်နိုင်သည့်   နိုင်ငံရတနာများ   တစ်စု တစ်စည်းတည်း စုစည်းပြသထားရာမှာ ပြတိုက်များ ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ပြတိုက်များသည် မြန်မာ့ရာဇဝင် နှင့်သမိုင်းကြောင်းများကို    ထင်ဟပ်စေသည့် ထူးခြားထင်ရှားသော စုဆောင်းပြသပစ္စည်းများစွာ ကို  ပိုင်ဆိုင်ထားကြပါသည်။  အဆိုပါ  ပြသပစ္စည်း များသည် မြန်မာ့သမိုင်းကြောင်း အတိတ်နှင့်ပစ္စုပ္ပန် ကို    ဆက်စပ်ကူးလူး     ဆက်သွယ်ထားသော တိုင်းပြည်၏   အဖိုးမဖြတ်နိုင်သည့်    ရတနာများ ဖြစ်ကြပြီး  မြန်မာနိုင်ငံသားတို့၏  ဖန်တီးနိုင်မှုနှင့် အောင်မြင်မှုတို့အတွက်     သက်သေတစ်ခုပင်ဖြစ် ပါသည်။
ပြတိုက်ဟူသောဝေါဟာရသည်      အင်္ဂလိပ် ဘာသာဖြင့်   Museum  ဟုခေါ်ပြီး အင်္ဂလိပ် ဘာသာ ပင်ရင်းမဟုတ်ဘဲ   ရှေးဟောင်းဂရိဘာသာစကား  mouse-ion  (မောင်စီယွန်) မှ ဆင်းသက်လာပေ သည်။ ဂရိဒဏ္ဍာရီလာ muse (မျုစ်)ကို စာပေ၊ ဂီတ၊  အနုပညာတို့ကို   စောင့်ရှောက်ကုန်သော   နတ်သမီး များပျော်စံရာဘုံဗိမာန်ဟု    အဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် ပြတိုက်များသည် စာပေ၊ ဂီတ၊ အနုပညာ ဆိုင်ရာပစ္စည်းများကို စုဆောင်း၊ ထိန်းသိမ်း၊  သုတေ သနပြု၊   ခင်းကျင်းပြသကာ   အများပြည်သူများကို အသိပညာဗဟုသုတ   ဖြန့်ဝေပေးရာ  ဗဟိုဌာနဟု ဖွင့်ဆိုကြလေသည်။
International  Council  of  Museum (ICOM) မှ ပြတိုက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “ပြတိုက်ဟူ သည် အများပြည်သူပညာရစေရန်၊ လူ့အသိုင်းအဝိုင်း နှင့် လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အများပြည်သူစိတ်ကျေနပ်မှု  ရရှိနိုင်ရန်  ငွေကြေး အမြတ်အစွန်းကို အဓိကမထားဘဲ ဝန်ဆောင်မှုပေး ရသော အမြဲတမ်းဖွင့်လှစ်ရသည့် ပညာပေးရေးအဖွဲ့ အစည်း ဖြစ်ပါသည်။ 
ပြတိုက်များသည် ပြသပစ္စည်းများ စုဆောင်း ခြင်း ၊  စုဆောင်းရရှိသော  ပြသပစ္စည်းများ  ရေရှည် တည်တံ့အောင်  ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ၎င်း ပြသပစ္စည်းများ၏ အချက်အလက်များ ပိုမိုခိုင်မာ သိရှိမှုရှိစေရန် သုတေသနပြုခြင်း၊ အများပြည်သူ လူထုနှင့်ပညာရပ်ဆိုင်ရာ    ကူးလူးဆက်သွယ် ဆောင်ရွက်ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ဒြပ်ရှိ ဒြပ်မဲ့    ပစ္စည်းများကို   ခင်းကျင်းပြသခြင်းဟူသော ပြတိုက်လုပ်ငန်းစဉ်အပြင် ပြည်သူလူထုအား ပညာ ပေးရန်      ပညာရပ်ဆိုင်ရာဗဟုသုတများအား စိတ်ပျော်ရွှင်မှုရရှိစေရန်  ဖန်တီးထားသည့်  ဌာန ဖြစ်ပေသည်” ဟု  ၂၀၀၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (ICOM)မှ  အဓိပ္ပာယ်ဖွင့် ဆိုခဲ့ပေသည်။
ပြတိုက်ဆိုသည်မှာ
တစ်နည်းဆိုရသော် ပြတိုက်ဆိုသည်မှာ အများ ပြည်သူအကျိုးငှာ ယဉ်ကျေးမှုအရ၊ သမိုင်းကြောင်း အရ  အနုပညာလက်ရာမြောက်မှုအရ တန်ဖိုးရှိသော ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ပညာပေးရန်အတွက်     ရည်ရွယ်၍ ခင်းကျင်းပြသဖွင့်လှစ်ထားခြင်း ဖြစ်ပေသည်။
အပြည်ပြည်ဆိုင်ရာ    ပြတိုက်များကောင်စီ   သည်    ပြတိုက်အဓိပ္ပာယ်နှင့်   ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်ဆိုင်ရာ  လုပ်ငန်းဆောင်တာများ   အခြေခံ စံနှုန်း စည်းမျဉ်းများ၊ အပြည်ပြည်ဆိုင်ရာ ပြတိုက် အသိုင်းအဝိုင်းမှ  လက်ခံကျင့်သုံးသော   ကျင့်ဝတ် ဆိုင်ရာ အခြေခံသဘောတရားများကို အပြည်ပြည် ဆိုင်ရာ ပြတိုက်များကောင်စီဥပဒေနှင့် ထင်ဟပ်စေ ပါသည်။ 
အချို့နိုင်ငံများသည်  မိမိကိုယ်ပိုင်ပြတိုက် ဥပဒေများ ဖန်တီးရေးဆွဲရန်အတွက် အပြည်ပြည် ဆိုင်ရာပြတိုက်များကောင်စီ   ဥပဒေများကို အခြေခံ အုတ်မြစ်တစ်ခုကဲ့သို့ အသုံးပြုကြပါသည်။ မြန်မာ နိုင်ငံသည်လည်း အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ကောင်စီ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ရာ အပြည်ပြည် ဆိုင်ရာ   ပြတိုက်များကောင်စီ၏  မူဘောင်တစ်ခု ချင်းစီမှ   ပြဋ္ဌာန်းချက်များကို       မြန်မာနိုင်ငံရှိ ပြတိုက်များမှ ကျင့်သုံးလိုက်နာရမည် ဖြစ်ပေသည်။ 
၂၀ ရာစုနောက်ပိုင်းတွင် ပြတိုက်များသည် နိုင်ငံ ၏မျက်နှာစာ၊ နိုင်ငံ၏ဂုဏ်ဒြပ်များကို ရည်ညွှန်း ဖော်ပြလျက်ရှိသည်ကို       ပိုမိုသိရှိလာကြသည့် အလျောက် နိုင်ငံတကာတွင် ပြတိုက်ကြီး၊ ငယ်များ အရှိန်အဟုန်ဖြင့်        တိုးတက်ပေါ်ထွန်းလာခဲ့ရာ ပြတိုက်မရှိသောနိုင်ငံဟူ၍ မရှိသလောက်ပင် ဖြစ် ပေသည်။ တစ်ကမ္ဘာလုံးတွင်လည်း ပြတိုက်ပညာရပ် ဆိုင်ရာ သင်တန်းပေးသည့် ဌာနပေါင်း  ၈၀ ကျော် ခန့်အထိတိုးပွားလာပြီး  ပြသပစ္စည်းအလိုက် အမျိုး အစားခွဲခြားပြသသည့်  အထူးပြုပြတိုက်    ထူထောင် သည့်   ခေတ်သို့ရောက်ရှိလာသလို    ပြသပစ္စည်း အမျိုးအစား       ခွဲခြားမှတ်ပုံတင်ခြင်းစနစ်အား Computer Data base ၊ Software များဖြင့် စာရင်း သွင်းမှတ်တမ်းတင်နိုင်သည့်အဆင့်သို့  ရောက်ရှိခဲ့ပြီ ဖြစ်ပေသည်။    ပြတိုက်များသည်     ပြည်သူလူထု အသိဉာဏ်မြင့်မားစေရန်အတွက်     ပညာပေးရာ၊ ဗဟုသုတပေးရာ  ယဉ်ကျေးမှုဗဟိုဌာနများအဖြစ် အများပြည်သူများမှ  ပိုမိုသိရှိနားလည်လာကြပြီ ဖြစ်ပေသည်။ 
၁၉၇၇ ခုနှစ်     ဆိုဗီယက်ပြည်ထောင်စုတွင် ကျင်းပခဲ့သည့်  အပြည်ပြည်ဆိုင်ရာ    ပြတိုက်များ ကောင်စီ၏  (၁၁)ကြိမ်မြောက်  ညီလာခံမှ မေလ  ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day) ဟူ၍ သတ်မှတ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေသည်။ 
ထိုဆုံးဖြတ်ချက်နှင့်အညီ နိုင်ငံတကာမှ မေလ  ၁၈  ရက်နေ့တွင် အထူးပြပွဲများ၊ ပွဲတော်များ ကျင်းပ ခဲ့ကြပေသည်။ ထိုသို့ အပြည်ပြည်ဆိုင်ရာပြတိုက်များ နေ့ အထိမ်းအမှတ်အခမ်းအနားများကို တစ်ကမ္ဘာ လုံးရှိ နိုင်ငံပေါင်းများစွာမှ ပြတိုက်များတွင် တချို့ တစ်ရက်တည်းသာ   ကျင်းပသော်လည်း   တချို့က စနေ၊ တနင်္ဂနွေပိတ်ရက်များ၊  တချို့က  တစ်ပတ်၊ တချို့ကတစ်လတိတိ မိမိပြတိုက် မူဝါဒအပေါ် လိုက်၍ အချိန်ကာလအမျိုးမျိုး သတ်မှတ်ကျင်းပ ကြပါသည်။
ကမ္ဘာ့ပြတိုက်များ    ညီလာခံများကို   အာရှ၊ အာဖရိက၊ ဂျပန်၊ ဥရောပ၊ အမေရိက စသည် တို့တွင် အလှည့်ကျကျင်းပပြီး ပြတိုက်နှင့်ပြည်သူ ရင်းနှီးချစ် ကြည်စွာထိတွေ့နိုင်ရေး၊ ပြည်သူများ အသိပညာပေး ရေး၊ ယဉ်ကျေးမှုမြှင့်တင်ရေးနှင့်ဖလှယ်ရေး၊ ပြတိုက် နယ်ပယ်အသီးသီးရှိ ဝန်ထမ်းများ၏ ပြတိုက်ပညာ ရပ်ဆိုင်ရာ    အရည်အသွေးမြင့်မားရေး     စသည့် အချက်များကို ထည့်သွင်းဆုံးဖြတ်ချက် ချမှတ်ခဲ့ ကြပေသည်။ 
အသီးအပွင့်များ
ယင်းတို့၏   အသီးအပွင့်များအဖြစ်   ပြတိုက် ပညာရပ်ဆိုင်ရာ   စာစောင်၊    ဂျာနယ်၊    မဂ္ဂဇင်း၊ ကတ်တလောက်၊ ပညာပေးစာအုပ်များ ထွက်ရှိလာ ပေသည်။  ထို့ပြင် ပြသပစ္စည်းများ ထိန်းသိမ်းခြင်း၊  လူထုဆက်ဆံရေးနှင့်      ပြတိုက်ပညာပေးခြင်း၊  ခင်းကျင်းပြသခြင်း၊  ပြတိုက်စီမံခန့်ခွဲခြင်း၊ ပြတိုက် ဈေးကွက်ဖော်ဆောင်ခြင်း၊ ပြသပစ္စည်းစုဆောင်း ခြင်း စသည့်ပြတိုက်ပညာရပ်ဆိုင်ရာ ဘာသာရပ် များသင်ကြားသည့်    ပြတိုက်ပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ  မွေးထုတ်လေ့ကျင့် ပေးရာ သင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ ပေါ်ပေါက်လာကြပေသည်။ 
ထို့ပြင်  ဒေသဆိုင်ရာပြတိုက်၊  အထိမ်းအမှတ် ဆိုင်ရာပြတိုက်၊       နယ်လှည့်ပညာပေးပြတိုက်၊ ရှေးဟောင်းသုတေသန ပြတိုက်၊     ယဉ်ကျေးမှု ပြတိုက်၊ အမျိုးသားပြတိုက်၊ ပြသပစ္စည်းတစ်ခုချင်း အလိုက်  သီးသန့်ပြသထားသည့်ပြတိုက်     ဥပမာ- ဖိနပ်ပြတိုက်၊   တူရိယာပစ္စည်းပြတိုက်၊    သနပ်ခါး ပြတိုက် စသည်ဖြင့် ပေါ်ထွန်းလာကြပေသည်။
“အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” အခမ်း အနား  ကျင်းပပြုလုပ်ခြင်း  အထူးအစီအစဉ်များမှ ရွေးချယ်တင်ပြရသော် ၁၉၅၆ ခုနှစ်က ပိုလန်နိုင်ငံ ဝါဆောပြတိုက်ကြီးတွင် ပန်းချီကျော် “ရမ်းဘုရင်” နှစ် (၃၅၀) မြောက် မွေးနေ့အထူးပြပွဲ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ဒေါက်တာမောင်မောင် (နိုင်ငံတော် သမ္မတ-ငြိမ်း) သည်   နယ်သာလန်   ရေဒီယိုမှ အသံလွှင့်ခဲ့ဖူးပါသည်။ ၁၉၅၆ ခုနှစ် သြဂုတ်လ  ၂  ရက်နေ့တွင် မြန်မာ့အသံ အင်္ဂလိပ်အစီအစဉ်မှနေ၍ ဒေါက်တာမောင်မောင်   (နိုင်ငံတော်သမ္မတ-ငြိမ်း) က  ထပ်မံအသံလွှင့်ခဲ့ဖူးပါသည်။  ၁၉၆၉ ခုနှစ်တွင် ကမ္ဘာ့ပြတိုက်ပွဲတော်ကို      နယ်သာလန်နိုင်ငံ ဥတရက်ချ် မြို့တွင်                
ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါသည်။ 
မြန်မာနိုင်ငံတွင်လည်း  “ပြတိုက်ရက်သတ္တပတ် (Museum Week)” ပြပွဲကို ၁၉၆၁ ခုနှစ် မတ်လ  ၂၅  ရက်နေ့မှ   ၃၁  ရက်နေ့အထိ  ရန်ကုန်မြို့ အမျိုးသားပြတိုက်ရှိ       ဂျူဗလီဟောခန်းမတွင် ကျင်းပခဲ့ပြီး  ပို့စကတ်များ  ထုတ်ဝေခဲ့ပါသည်။ ထိုရက်သတ္တပတ်လုံး      အမျိုးသားပြတိုက်ထဲမှ ထင်ရှားသည့် အကြောင်းအရာအချက်အလက်များ ကို    ပညာပေးဟောပြောပွဲများ၊   အထူးပြပွဲများ၊ ကလေးများအတွက်     ဂိမ်းတီထွင်ဖန်တီးမှုများ စသည်ဖြင့် ပြတိုက်သို့ ပြည်သူလူထု ပိုမိုဝင်ရောက် လေ့လာရန်နှင့် ပြတိုက်အား ပြည်သူလူထုပိုမိုသိရှိရန် Museum Promotion ပြုလုပ်ခဲ့ပါသည်။
“အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” ကို ကမ္ဘာ့ နိုင်ငံပေါင်း  ၁၂၀  ကျော်မှ  ပြတိုက်ပေါင်း  ၃၀၀၀၀  ကျော်ခန့်သည် လှိုက်လှိုက်လှဲလှဲ ပါဝင်ဆင်နွှဲခဲ့ကြ ပါသည်။ အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ  ၏  အကြံပေးကော်မတီသည်  အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့  အနှစ်သာရ (Theme)  တစ်ရပ်ကို နှစ်စဉ်ချမှတ်ပေးလေ့ရှိရာ ၂၀၂၂ခုနှစ် အပြည်ပြည် ဆိုင်ရာ  ပြတိုက်များနေ့ဆောင်ပုဒ်မှာ “Power of Museums”  “ပြတိုက်များ၏စွမ်းပကား” ပင် ဖြစ်ပါ သည်။ 
၂၀၁၂ ခုနှစ်မှ  ၂၀၂၂ ခုနှစ်ထိ  အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (ICOM) မှ နှစ်စဉ်ချမှတ်ပေး ခဲ့သော    Theme များကို     ထုတ်နုတ်ဖော်ပြအပ်ပါ သည်။
၁။        ၂၀၁၂ ခုနှစ် Theme မှာ 
    “Museum is a changing world, New Chall- enges, New Inspirations” 
    ပြတိုက်သည် စိန်ခေါ်မှုအသစ်၊ စိတ်ကူးစိတ် သန်းအသစ်များဖြင့် ပြောင်းလဲနေသော ကမ္ဘာ တစ်ခု။
၂။        ၂၀၁၃ ခုနှစ် Theme
    “Museum (Memory + Creativity) = Social Change”
    အမှတ်တရဖန်တီးမှုများဖြင့်ပေါင်းစပ်ထားသော   ပြတိုက်များသည် လူ့အသိုင်းအဝိုင်းကို ပြောင်းလဲ စေသည်။
၃။    ၂၀၁၄ ခုနှစ် Theme
    “Museum Collections make Connection”
“ပြတိုက်ပစ္စည်းစုဆောင်းမှု၊ ပြတိုက်အချင်း ချင်းဆက်သွယ်ပြု” ဆိုသည့် ဆောင်ပုဒ် သတ်မှတ် ခဲ့သည့်အတွက် နိုင်ငံတကာရှိပြတိုက်ကြီးများသည် နိုင်ငံရပ်ခြားတိုင်းပြည်များ၏  ပြတိုက်ပစ္စည်းများ ကို ငှားရမ်းပြီး အထူးပြပွဲများကို ကျင်းပမှုများတွေ့ရ ပေသည်။ ဥပမာပြရလျှင် အမေရိကန်နိုင်ငံ မတ်ထရို ပိုလီတန် အနုပညာပြတိုက်၊ ဂျာမနီနိုင်ငံ စတုဂတ် မြို့   ဂလင်ဒန်လူသားမျိုးနွယ်စုဆိုင်ရာ  ပြတိုက်၊ စင်ကာပူနိုင်ငံ   အနုပညာပြတိုက်၊   ကိုရီးယားနိုင်ငံ ဘူဆန်ပြတိုက် စသည့်ပြတိုက်များ၏ အထူးပြပွဲများ တွင် မြန်မာနိုင်ငံရှိ ရှားပါးပြီး ထူးခြား ထင်ရှားသည့် ပြသပစ္စည်းများကို   ငှားရမ်း၍    ခင်းကျင်းပြသ ခဲ့ပေသည်။ ထိုသို့ပြုလုပ်ခြင်းသည်လည်း ပြသ ပစ္စည်းများမှတစ်ဆင့် ပြတိုက်အချင်းချင်း ဆက်သွယ် ဆောင်ရွက်မှုပင် ဖြစ်ပေသည်။
၄။    ၂၀၁၅ ခုနှစ် Theme
    “Museums for a Sustainable Society”
    “လူ့ဘောင်လောကတည်တံ့မှု၊ ပြတိုက်များက   ဂုဏ်ဆောင်ပြု”။
၅။    ၂၀၁၆ ခုနှစ် Theme 
    “Museum & Cultural Landscapes”
    “ပြတိုက်နှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုခင်းများ”။
၆။    ၂၀၁၇ ခုနှစ် Theme
    “Museum & Contested Histories: Saying The Unspeakable in Museums:”
    “ယှဉ်ပြိုင်သမိုင်း၊  သိုင်းဝိုင်းပြောကြား၊     ပြတိုက် ထဲက ပစ္စည်းများ”။
၇။    ၂၀၁၈ ခုနှစ် Theme
    “Hyper Connected Museums: New appr- oaches, New Public”
    “ခေတ်သစ်လူထုဆက်သွယ်ရေး၊    ပြတိုက် အချင်းချင်းဆက်သွယ်ပေး”။
၈။    ၂၀၁၉ ခုနှစ် Theme
    “Museums as Cultural Hubs: The Future of Tradition”
    “ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၏ အနာ ဂတ်အရေးပြတိုက်များက ဗဟိုပြုဖော်ဆောင် ပေး”
    “ရိုးရာဓလေ့တည်တံ့ဖို့     ပြတိုက်ဗဟိုပြု ဆောင်ရွက်စို့”
၉။    ၂၀၂၀ ပြည့်နှစ် Theme
    “Museums for Equality: Diversity and Inclusion”
    “မတူကွဲပြား ခြားနားပါဝင် ညီညွတ်တူယှဉ် ပြတိုက်တစ်ခွင်”။
၁၀။        ၂၀၂၁ ခုနှစ် Theme
    “The Future of Museums: Recover and Reimagine”
    “ပြတိုက်များ၏   အနာဂတ်ပိုမိုကောင်းမွန်ဖို့ ဂုဏ်ဖော်စို့”။
၁၁။        ၂၀၂၂ ခုနှစ် Theme
    “The Power of Museums”
    “ပြတိုက်များ၏ စွမ်းပကား”။
မြန်မာနိုင်ငံတွင် “အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့”  ကျင်းပရသည့် ရည်ရွယ်ချက်များမှာ - 
(၁)    မြန်မာနိုင်ငံရှိ   ပြတိုက်များ၏  ပြတိုက် လုပ်ငန်းဆိုင်ရာ လုပ်ငန်းများ၏လည်ပတ် မှုစနစ်တွင် အားလုံးတစ်ပြေးညီ ကျင့်သုံး စေရန် ၊ 
(၂)    မကြာခင်ထွက်ပေါ်လာမည့်    ပြတိုက် ဥပဒေအတွက် အထောက်အကူဖြစ်စေရန်၊
(၃)    မြန်မာနိုင်ငံရှိပြတိုက်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန်အတွက်   အဓိက သော့ချက်ဖြစ်သော ဦးတည်ချက်များနှင့် သတ်မှတ်ချက်မူဘောင်များ  တစ်ပြေးညီ ချမှတ်ရန်၊ 
(၄)    မြန်မာနိုင်ငံရှိ ပြတိုက်ပညာရပ်ဆိုင်ရာ နယ်ပယ်တွင်   နိုင်ငံတကာစံနှုန်းနှင့်ညီ သည့်    ပြတိုက်ပညာရပ်များ     သိရှိ တတ်မြောက်အသုံးပြုနိုင်စေရန်၊ 
(၅)    မြန်မာနိုင်ငံ      ပြတိုက်များအားလုံး စုဆောင်းပစ္စည်းများ၏ စီမံခန့်ခွဲမှုများ တွင် ရေရှည်တည်တံ့သော စနစ်တစ်ခု တည်းသာ ကျင့်သုံးနိုင်ရန်၊ 
(၆)    မြန်မာနိုင်ငံပြတိုက်များ၏ အခန်းကဏ္ဍ တွင် ပြတိုက်နယ်ပယ်ရှိ ဦးဆောင်သူများ ၏   ခေါင်းဆောင်မှုပိုင်းဆိုင်ရာ   စွမ်းရည် များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြတိုက် ပညာရပ်ဆိုင်ရာ     နယ်ပယ်အတွင်းရှိ ဝန်ထမ်းများ၏    စွမ်းဆောင်မှုဆိုင်ရာ အရည်အသွေး (Capacity Building) မြှင့်တင်ရန်၊ 
(၇)    ပြတိုက်များကို ပြည်သူလူထုပိုမိုအသုံးပြု လေ့လာနိုင်ရေးအတွက်  ပြတိုက်ဘက် များမှ   လိုအပ်ချက်များ၊   ကွဲပြားခြားနား ချက်များ၊ အကောင်းဆုံးဖြည့်ဆည်းပေး နိုင်သည် ဆိုသည့်အချက်များကို အတွေး သစ်၊    အမြင်သစ်များဖြင့်   ပြန်လည် ဆန်းစစ်၍ ဝိုင်းဝန်းဆွေးနွေးအဖြေရှာကာ တစ်ပြေးညီလက်ခံဆောင်ရွက်ရန်၊ 
(၈)    နည်းပညာတိုးတက်လာသည့်အလျောက် ပြတိုက်နယ်ပယ်အသီးသီးရှိ  ပြတိုက် ဝန်ထမ်းများ ခေတ်နှင့်အညီ အိုင်တီနည်း ပညာကို လေ့လာအသုံးချနိုင်၍ Digital Museum များ   ပေါ်ထွန်းလာစေရန် တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်  ပထမဆုံးအကြိမ် အပြည်ပြည် ဆိုင်ရာ ပြတိုက်များနေ့အခမ်းအနားကို ၂၀၁၅ ခုနှစ် တွင်    အမျိုးသားပြတိုက်(ရန်ကုန်)နှင့်   ဘွဲ့လွန် ပြတိုက်ပညာ  ဒီပလိုမာသင်တန်း  အမှတ်စဉ် (၁၃) သင်တန်းသူ    သင်တန်းသားများ    ပူးပေါင်း၍ အမျိုးသားပြတိုက်(ရန်ကုန်)တွင်     ကျင်းပခဲ့ရာ ကလေးများဉာဏ်စမ်းပြိုင်ပွဲ၊    ပန်းချီပြိုင်ပွဲနှင့် ပြတိုက်ပညာရပ်ဆိုင်ရာ   ပိုစတာများ၊    ဘွဲ့လွန် ပြတိုက်ပညာဒီပလိုမာ   ဘွဲ့ယူကျမ်းစာအုပ်များ ခင်းကျင်းပြသခဲ့ပါသည်။ 
၂၀၁၆ ခုနှစ်   ဒုတိယအကြိမ်ကို အမျိုးသား ပြတိုက်(ရန်ကုန်)၊ ၂၀၁၇ခုနှစ် တတိယအကြိမ်ကို အမျိုးသားပြတိုက် (နေပြည်တော်)တွင်  စာတမ်း ဖတ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ခုနှစ် စတုတ္ထ အကြိမ်ကို      အမျိုးသားပြတိုက်(ရန်ကုန်)တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Museum Forum နှင့် စာတမ်းဖတ်ပွဲကျင်းပပြုလုပ်ခဲ့ပြီး  ၂၀၁၉ ခုနှစ် ပဉ္စမအကြိမ်ကို      အမျိုးသားပြတိုက်    (နေပြည် တော်) တွင်     Museum Talk  ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဋ္ဌမ အကြိမ်မြောက်
၂၀၂၀ ပြည့်နှစ် ဆဋ္ဌမအကြိမ်နှင့် ၂၀၂၁ သတ္တမ အကြိမ်တို့ကို   ကိုဗစ် - ၁၉ ရောဂါ  ကာလအတွင်း ကမ္ဘာ့ပြတိုက်များ၏ ၉၅ ရာခိုင်နှုန်းမှာ ပိတ်ထားရ သည့်အတွက် ယခင်နှစ်များနည်းတူ အခမ်းအနား မဆောင်ရွက်နိုင်ပါ။ သို့ရာတွင် ကိုဗစ် - ၁၉  ရောဂါ ကာလ  အသွားအလာကန့်သတ်ထားသည့်အချိန် တွင်   ပြတိုက်များနှင့်      ပြည်သူလူထုအကြား ဆက်သွယ်မှုမပြတ်စေရန် မြန်မာနိုင်ငံပြတိုက်များ ကော်မတီ (ICOM-Myanmar) Page တွင်   IMD အထိမ်းအမှတ်အဖြစ် Museum Quiz ဖြေဆိုမှုကို မိမိပြတိုက်များအလိုက် Digital Events အနေဖြင့် အကောင်အထည်ဖော်    ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားပြတိုက် (ရန်ကုန်)မှလည်း Online ပန်းချီ ပြပွဲပြုလုပ်၍       အမျိုးသားပြတိုက် (ရန်ကုန်) ဖေ့စ်ဘွတ်စာမျက်နှာတွင် ပြသခဲ့သလို အမျိုးသား ပြတိုက် (နေပြည်တော်)    ဖေ့စ်ဘွတ်စာမျက်နှာ မှလည်း    Digital Museum Activity Online Exhibition ပြသခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ယခု ၂၀၂၂ ခုနှစ် မေလ  ၁၈  ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့သည်   အဋ္ဌမ အကြိမ်မြောက် ဖြစ်ပါသည်။ 
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့    အခမ်း အနားအား မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံတကာနှင့် အတူ ပါဝင်ကျင်းပရခြင်းမှာ     ပြတိုက်များသည် ယဉ်ကျေးမှုအမွေအနှစ်   ပစ္စည်းများစုဆောင်း၊ ထိန်းသိမ်း၊ ပြသသည့် ပညာပေးဖြန့်ဖြူးရာ ဗဟို ဌာနအဖြစ် တည်ရှိနေသည်ကို ယနေ့လူငယ်များ ပိုမိုသိရှိလာခြင်းဖြင့် ပြတိုက်ကိုချစ်မြတ်နိုးသူများ တိုးပွားလာပြီး  အိုင်တီခေတ်တွင်   ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများ ခေတ်မီဆန်းပြားစွာ တိုးတက်လာ သည်နှင့်အမျှ    လူသားတို့၏     စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုထွန်းကားစေရေးအတွက်     ပြတိုက် များသည်  အရေးပါသည့်ကဏ္ဍတွင်  ပါဝင်နေသည့် အချက်ကို ပိုမိုသိရှိလာစေပါသည်။ 
ပြတိုက်များတွင် ပညာပေးရေးလုပ်ငန်းများကို ပျိုးထောင်ခြင်းဖြင့် အနာဂတ်တွင် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးသော   နိုင်ငံသားများပေါ်ထွက်လာစေရန်အတွက် ပြတိုက်များ၏ ကြိုးပမ်းဆောင်ရွက် ချက်ကို နိုင်ငံသူ၊ နိုင်ငံသားများ သိရှိလာစေခြင်းဖြင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းကို တန်ဖိုး ထားဂုဏ်ယူနိုင်စေရန်ရည်ရွယ်၍    အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ကို    ဂုဏ်ပြုရေးသားအပ် ပေသည်။    
ကိုးကား
၁။    international   museum    day (icom), en.m.wikipedia.org
၂။    network.icom.museum/international day
၃။    ဘွဲ့လွန်ပြတိုက်ပညာ  ဒီပလိုမာသင်ခန်းစာ ပို့ချချက်များ
၄။    သီသီသောင်း(မ)၊   ပြတိုက်ပညာ  မဟာဝိဇ္ဇာ ဘွဲ့ကျမ်း၊ ရန်ကုန်၊ (၂၀၁၈)