သံတွဲ ဇွန် ၂၆
သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာစီစာကုံး ပြိုင်ပွဲကိုကျင်းပရာတွင် သံတွဲ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူ ၅၃ ဦးက “မူယစ်ဆေးဝါးအန္တရာယ် စုပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား ကျောင်းသူလေးများကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင် သာစိန်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူတို့ က ဆုများ ချီးမြှင့်ပေးအပ်ကြသည်။
ခရိုင်(ပြန်/ဆက်)



