
နေပြည်တော် ဒီဇင်ဘာ ၁
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုကြိုဆို သောအားဖြင့် အွန်လိုင်းဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
အွန်လိုင်းဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ပြန်လည်ထူထောင်ရေးဦးစီးဌာန Facebook Page - Department of Rehabilitation တွင် ပါဝင် ယှဉ်ပြိုင်နိုင်ပါကြောင်းနှင့် ကြိုတင်လေ့လာပြင်ဆင်နိုင်ရေးအတွက် တယ်လီဖုန်းအမှတ် -၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း တိုက်တွန်းအသိပေးအပ်ပါသည်။
သတင်းစဉ်