
ရန်ကုန် ဖေဖော်ဝါရီ ၂၃
ကူဝိတ်နိုင်ငံ၏ (၆၂) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံ များ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နိုင်ငံတော်သီချင်းများဖွင့်
ဦးစွာ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်သီချင်းနှင့် ကူဝိတ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ် သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Mubarak M A Aladwani တို့က ကူဝိတ်နိုင်ငံ၏ (၆၂) နှစ် မြောက် အမျိုးသားနေ့နှင့် (၃၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ် ပေးကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဂုဏ်ပြုညစာဖြင့် ဧည့်ခံ
ထို့နောက် ဧည့်ခံပွဲသို့ တက် ရောက်လာကြသူများကို မြန်မာ နိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံ သံအမတ်ကြီးက ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သိရသည်။
သတင်းစဉ်