အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည့် ကိုဗစ်-၁၉ ရောဂါနှင့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းစည်းဝေး

 

နေပြည်တော် ဇူလိုင် ၂၆


အပြည်ပြည်ဆိုင်ရာ    ပြည်သူ့ ကျန်းမာရေးအရေးပေါ်   အခြေ အနေအဖြစ်       သတ်မှတ်သည့် ကိုဗစ်-၁၉   ရောဂါနှင့်  မျောက် ကျောက်ရောဂါတို့နှင့် ပတ်သက်၍ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်း အစည်းအဝေးကို    ယနေ့နံနက် ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

 


ရှေးဦးစွာ ကျန်းမာရေးဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လှိုင်းကို  လက်ရှိတွင်  ထိန်းချုပ် ထားနိုင်သည့် အနေအထားတွင် ရှိသော်လည်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်မှုများသည်    ကမ္ဘာ့နိုင်ငံ များ၊     ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင်    မြင့် တက်လျက်ရှိသည်ကို    တွေ့ရှိရ ကြောင်း၊ BA.4 နှင့် BA.5 သည် ရောဂါပြင်းထန်မှုနည်းပြီး သေဆုံး မှုနည်းသော်လည်း ကူးစက်မှုနှုန်း မြင့်မားကြောင်း   တွေ့ရှိရသဖြင့်  ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ၊   မျိုးရိုးဗီဇသစ်ရှာဖွေခြင်း (Genomic        Sequencing) လုပ်ငန်းများကို    အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုပါကြောင်း။

 


ယခုအချိန်တွင် ပြည်ပနိုင်ငံ များမှ ပြန်လည်ဝင်ရောက်လာသူ များ၌ ရောဂါပိုးတွေ့နှုန်း မြင့်တက် လာသဖြင့်   ကိုဗစ်-၁၉  ရောဂါ စစ်ဆေးခြင်းနှင့် ပတ်သက်သော လုပ်ငန်းလမ်းညွှန်များကို ပြင်ဆင် မှုများပြုလုပ်၍ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ရန်လိုအပ်ပြီး   တစ်ပြိုင် နက်တည်းတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ   မထိခိုက်စေရန် ထည့်သွင်းစဉ်းစားရမည်     ဖြစ် ကြောင်း၊ ရာသီတုပ်ကွေးရောဂါနှင့် မျောက်ကျောက်ရောဂါ  ကာကွယ် ရေးနည်းလမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့် သဘောသဘာဝအားဖြင့် တူညီသည့်အတွက်   တစ်ဦးချင်း လိုက်နာရမည့်   ရောဂါကာကွယ် ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း များကို   လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊     မျောက် ကျောက်ရောဂါသည်      ယခင်က ဖြစ်ပွားလေ့မရှိသော    နိုင်ငံများ (Non-endemic countries)၌ပါ ရောဂါပျံ့နှံ့လာသဖြင့် အပြည်ပြည် ဆိုင်ရာ    ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of Interna-tional Concern) အဖြစ် ဇူလိုင်၂၃ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး      ရောဂါကူးစက် ဖြစ်ပွားနိုင်ခြေ       ဆန်းစစ်ချက် (WHO Risk Assessment) အရ မြန်မာနိုင်ငံတွင်    လတ်တလော ရောဂါကူးစက်ဖြစ်ပွားသူ မတွေ့ ရှိရသေးပါသဖြင့် အုပ်စု(၁)တွင် ပါဝင်လျက်ရှိပြီး ပြည်ပနိုင်ငံများ မှတစ်ဆင့်        ရောဂါကူးစက် ဝင်ရောက်မှု   မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း။

 


မိမိတို့၏     အိမ်နီးချင်းနှင့် ကူးလူးဆက်ဆံမှုများပြားရာ နိုင်ငံ များဖြစ်သော    အိန္ဒိယ၊  ထိုင်း၊ စင်ကာပူနိုင်ငံများတွင်   မျောက် ကျောက်ရောဂါ    ဖြစ်ပွားသူများ တွေ့ရှိရသဖြင့်   မျောက်ကျောက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို နှီးနွှယ်ဌာနများအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနနှင့်    ပူးပေါင်း ဆောင်ရွက်ကြရန်   အထူးလိုအပ် ကြောင်း၊     မျောက်ကျောက် ရောဂါအတွက်       ကာကွယ်ဆေး ရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သော်လည်းကောင်း၊   အာဆီယံ အဖွဲ့နှင့်      သော်လည်းကောင်း   ချိတ်ဆက် ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။

 


ယင်းနောက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာတိုးသီရိအောင် က   ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ သတ်မှတ် ထားရှိသည့်   ကိုဗစ်-၁၉   ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားမှုနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှု၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန     ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ  ညွှန်ကြား ရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့် က   မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍    ကြိုတင်ပြင်ဆင် ထားရှိမှုများကို   ရှင်းလင်းတင်ပြ ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ တပ်မတော်  (ကြည်း၊  ရေ၊  လေ) သတင်းနည်းပညာဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊    လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနတို့မှ တာဝန် ရှိသူများက    မိမိတို့ဝန်ကြီးဌာန အလိုက် ပြင်ဆင်ထားရှိမှုများနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း များနှင့်ပတ်သက်၍    ဆွေးနွေး တင်ပြကြရာ    ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ဖြည့်စွက် ဆွေးနွေးသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်း က    နိဂုံးချုပ်လမ်းညွှန်စကား ပြောကြားခဲ့ကြောင်း        သိရ သည်။ 


သတင်းစဉ်