
နေပြည်တော် စက်တင်ဘာ ၂၁
တရုတ်ပြည်သူ့ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေး အသင်း CHINESE PEOPLE’S ASSOCI-ATION FOR PEACE AND DIS-ARMAMENT (CPAPD) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ယနေ့ ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့ အထိမ်းအမှတ်အခမ်း အနား ၂၀၂၂” သို့ မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ဦးဆောင်သော မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ သည် ရုပ်သံမှတစ်ဆင့် တက် ရောက်ကြသည်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း ရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ် ချက်အရ ၁၉၈၁ ခုနှစ်၌ စတင် သတ်မှတ်ခဲ့ပြီး နှစ်စဉ်စက်တင်ဘာ လ ၂၁ ရက်နေ့တွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်လျက် ရှိသည်။ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ၂၀၂၂” ကို ကြီးမှူး၍ ကျင်းပပြုလုပ်သော CPAPD သည် ၁၉၈၅ ခုနှစ် ဇွန်လတွင် စတင် ဖွဲ့စည်းခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အရပ်ဘက်အဖွဲ့အစည်း တစ်ရပ် ဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ခန့် အရပ် ဘက် လူမှုအဖွဲ့အစည်းများနှင့် သုတေသနအဖွဲ့ပေါင်း ၃၀၀ ကျော် တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံတကာနှင့်ဒေသတွင်း လက် နက်ထိန်းချုပ်ရေး၊ ဖျက်သိမ်းရေး နှင့် မပြန့်ပွားရေးတို့အပေါ် အဓိက ထား ဆောင်ရွက်လျက်ရှိသည်။
CPAPD သည် ငြိမ်းချမ်းမှု ပြန့်ပွားရေးနှင့် မြှင့်တင်ရေးတို့ကို အလေးထားလျက် ၁၉၈၉ ခုနှစ် မှစတင်၍ “သိပ္ပံနှင့်ငြိမ်းချမ်းရေး နိုင်ငံတကာသတင်းပတ်” (၃၃) ကြိမ် ကျင်းပပြုလုပ်ခဲ့မှုအပါအဝင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ပူးတွဲ၍ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့ အထိမ်းအမှတ်အခမ်း အနား” (၈) ကြိမ် ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်သည်။
“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့ အထိမ်းအမှတ်အခမ်း အနား ၂၀၂၂” အား လူကိုယ်တိုင် ဖြင့်လည်းကောင်း၊ ရုပ်သံမှ တစ်ဆင့်လည်းကောင်း တက် ရောက်နိုင်သည့် ဖက်စပ်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ Wang Quishan တက်ရောက်မိန့်ခွန်းပြောကြားဖွင့်လှစ်၍ နိုင်ငံပေါင်း ခြောက်နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင် ခြောက်ဦး နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေး အဖွဲ့အစည်း အတွင်းရေးမှူး ချုပ်တို့က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ နယ်ပယ်အသီးသီး မှ ကိုယ်စားလှယ်များနှင့် သံတမန် များက လူကိုယ်တိုင်တက်ရောက် ခဲ့ကြပြီး နိုင်ငံအသီးသီးမှ နိုင်ငံရေး အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် လုံခြုံရေး ဆိုင်ရာ အကြံပေးအဖွဲ့ကိုယ်စား လှယ်များက ရုပ်သံမှတစ်ဆင့် တက်ရောက်ကြသည်။
အခမ်းအနားကို အစီအစဉ် အတိုင်း ပြုလုပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့ အထိမ်းအမှတ် အခမ်း အနား၏ ဆောင်ပုဒ်အဖြစ် “ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကနဦးလုပ်ငန်းအား အရေးယူဆောင်ရွက်ခြင်း” အား ရွေးချယ်အတည်ပြုခဲ့ပြီး အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်