အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မန္တလေး၊ ရန်ကုန်၊ တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဇွန်   ၂၆


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်    ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ  ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့်    ဓာတုပစ္စည်းများ    မီးရှို့ ဖျက်ဆီးပွဲအခမ်းအနားကို           ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ          ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ မန္တလေး၊  ရန်ကုန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့တွင် ပြုလုပ်သည်။

 


မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ   လေယာဉ်ကွင်း ဟောင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲအခမ်းအနား တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့်         စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟို အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမောင်ကိုနှင့်  အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်        ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် တိုင်းဒေသကြီးအဆင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်  တားဆီးကာကွယ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မန္တလေးမြို့ အခြေစိုက် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရ မိသည့် ဘိန်း ၆၁၁ ဒသမ ၅၇ ကီလိုကျော်၊ ဘိန်းဖြူ ၈၁၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၇ သန်းကျော်၊ အိုက်စ် ၇၃၅၆ ကီလိုကျော်၊ ကက်တမင်း ၃၁၆ ကီလိုကျော်၊ ဆေးခြောက် ၁၁၆ ကီလိုကျော်အပါ အဝင် မူးယစ်ဆေးဝါး ၁၆မျိုးနှင့်ဓာတုပစ္စည်း ကိုးမျိုး တို့၏   စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၆ ဒသမ ၇၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၃ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။

 


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ် ရပ်နား ကွင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊   ရန်ကုန်တိုင်းစစ်ဌာနချုပ်    ဒုတိယ တိုင်းမှူး  ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ   ရဲအရာရှိကြီးများနှင့်   နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ မှ ဖမ်းဆီးရမိသော ဘိန်း ၁ ဒသမ ၅၀ ကီလို၊ ဘိန်းဖြူ ၁၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သန်း ကျော်၊ အိုက်စ် ၇၅၉၉ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂၀၅ ကီလိုကျော်၊ ကက်တမင်း ၁၃၄၅ ကီလိုကျော်၊ ဆေး ခြောက် ၄၆၃ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ခုနစ်မျိုးတို့၏ စုစုပေါင်း တန်ဖိုး   ငွေကျပ် ၃၅၆  ဒသမ ၆၈  ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၈၀ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။ 

 


ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံ ကွင်း၌ ပြုလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးပွဲအခမ်းအနားနှင့် တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စု   ပင်စုံကျေးရွာ   ဗြုံးကျောက် တောင်အနီး၌  ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းများ ကို မြေမြှုပ်ဖျက်ဆီးပွဲတွင်  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်   အဖွဲ့ဝင်များ၊   မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်း ရေးမှူး    ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊  ရှမ်း ပြည်နယ်လုံခြုံရေးနှင့်           နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးနှင့် ပြည်နယ်အဆင့် မူးယစ်ဆေးဝါး နှင့်     စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ တက်ရောက် ခဲ့ကြပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီး ရမိသည့် ဘိန်း ၂၀၄၁ ဒသမ ၈၀ ကီလိုကျော်၊ ဘိန်းဖြူ ၉၆၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ သန်း ကျော်၊ အိုက်စ် ၈၆၉၇ ကီလိုကျော်၊ ကက်တမင်း ၃၆၂ ကီလိုကျော်၊ ဆေးခြောက် ၁၃၀ ကီလိုကျော်၊ ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၈ မျိုးနှင့် ဓာတုပစ္စည်း အမျိုး  ၄၀ စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၁၅ ဒသမ ၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၅၇ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။

 


ယခု ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါး များနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား များကို မန္တလေး၊ ရန်ကုန်၊ တောင်ကြီး သုံးနေရာ၌ ကျင်းပရာတွင် ဘိန်း ၂၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော်၊ ဘိန်စာ မှုန့် ၁၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလို ကျော်၊ ကက်တမင်း ၂၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုး  ငွေကျပ်  ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်)တို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

 


နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏   လမ်းညွှန်ချက်နှင့်အညီ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က       အရှိန်အဟုန် မြှင့်တင်    ကြိုးပမ်းဆောင်ရွက်မှုကြောင့်    မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။          

သတင်းစဉ်