အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ လယ်ဝေးခရိုင်အဆင့်ကျင်းပ

 

လယ်ဝေး   ဧပြီ   ၂၁
လယ်ဝေးခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်​ရေးအဖွဲ့က   ကြီးမှူး ကျင်းပသော ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက် တွင် ကျရောက်မည့် (၂၆) ကြိမ်​မြောက် အပြည်ပြည်ဆိုင်ရာ     မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်   တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ ပန်းချီ၊ ကာတွန်း၊    ပိုစတာပြိုင်ပွဲကို    ယနေ့ နံနက် ၉ နာရီက လယ်ဝေးမြို့ အ.ထ.က (၁)၌ ကျင်းပသည်။
ပြိုင်ပွဲသို့       လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ    အခြေခံ ပညာကျောင်းများမှ     အထက်တန်း၊ အလယ်တန်းနှင့်   မူလတန်း ကျောင်းသား ကျောင်းသူများ     ပါဝင်ယှဉ်ပြိုင်ကြပြီး  လယ်ဝေးခရိုင်    စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး   နီဦးခဲနှင့်    အဖွဲ့ဝင်များ၊ လယ်ဝေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး ခင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးမြင့်ဆောင်နှင့်   အဖွဲ့ဝင်များ  လာရောက်ကြည့်ရှု    အားပေးခဲ့ကြောင်း သိရသည်။

   
 ဝေကြည်(ပြန်/ဆက်)