
ရန်ကုန် အောက်တိုဘာ ၁၆
အပြည်ပြည်ဆိုင်ရာ မြန်မာလေ ကြောင်း (MAI) က မှာယူထားသည့် Embraer E190 MSN543 XY-ALU လေယာဉ်သည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက နယ်သာ လန်နိုင်ငံမှတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ လေကြောင်းလိုင်း တာဝန်ရှိသူများက Water Salute အခမ်းအနားဖြင့် ကြိုဆိုကြသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း (MAI) သည် ယခု ထပ်မံရောက်ရှိလာသည့် Embraer လေယာဉ်အပါအဝင် Air Bus A319 လေးစင်း၊ Air Bus A320 သုံးစင်း၊ Embraer E190 သုံးစင်း စုစုပေါင်း ၁၀ စင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ကိုညီလေး