
နေပြည်တော် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။
အဆိုပါ ဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများ ဆောင် ရွက်နိုင်ရေးအတွက် အကောက် ခွန်ဦးစီးဌာနအပါအဝင် ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့ (OSS) များ က ဧပြီ ၂၄ ရက်မှစ၍ တာဝန် ချထား စစ်ဆေးဆောင်ရွက်ပေး လျက်ရှိပြီး လုပ်ငန်းရှင်များအနေ ဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်