အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲများ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကျင်းပ

 

နေပြည်တော်   မေ   ၁


အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်      ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည် ထောင်စုနယ်မြေ   နေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော် ဒက္ခိဏသီရိဈေး၌     ကျင်းပရာ နေပြည်တော်ကောင်စီ      ဥက္ကဋ္ဌ၊ မြို့တော်ဝန်      ဦးသန်းထွန်းဦး၊ နေပြည်တော်    ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့်  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်   MSME   အသင်း ဥက္ကဋ္ဌနှင့် MSME အေဂျင်စီအဖွဲ့ ဝင်များ၊ MSME လုပ်ငန်းရှင်များ၊  စီးပွားရေးအသင်းအဖွဲ့များ၊ မြို့မိ မြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး က   အမှာစကား    ပြောကြားပြီး နေပြည်တော် MSME ထုတ်ကုန် ပြပွဲနှင့်       ဈေးရောင်းပွဲတော်ကို  နေပြည်တော်ကောင်စီ      ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ     အဖွဲ့ဝင် ဗိုလ်မှူးကြီး  ရဲမိုးနှင့်   ဦးဇေယျာ လင်း၊   နေပြည်တော်    စည်ပင် သာယာရေးကော်မတီ     ဒုတိယ မြို့တော်ဝန်      ဦးမောင်မောင်၊ နေပြည်တော်     MSME    အသင်း ဥက္ကဋ္ဌ      ဦးကျော်စွာဝင်းတို့က ဖဲကြိုးဖြတ်၍     ဖွင့်လှစ်ပေးကာ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ မြို့တော်ဝန်သည် တာဝန်ရှိသူများ နှင့်အတူ MSME လုပ်ငန်းရှင်များ၏  ဒေသထွက်ထုတ်ကုန်    အရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။ (ယာပုံ)
အဆိုပါ       ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည် တော် MSME လုပ်ငန်းရှင်များက ဒေသထွက်ထုတ်ကုန်  အရောင်း ပြခန်း   ဆိုင်ခန်းပေါင်း  ၅၀  ဖြင့် မေ   ၁   ရက်မှ     ၅     ရက်အထိ  ပြသရောင်းချမည်   ဖြစ်ကြောင်း    သိရသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ်   အစိုးရအဖွဲ့ က   ကြီးမှူး၍    MSME   ဒေသ ထုတ်ကုန်ပြပွဲ၊     ဈေးရောင်းပွဲကို မေ  ၁  ရက်  နံနက်  ၉  နာရီက မြစ်ကြီးနားမြို့ အမှတ် (၁)အခြေခံ ပညာ အထက်တန်းကျောင်းဝင်း အတွင်း၌    စည်ကားသိုက်မြိုက် စွာ   ကျင်းပရာ  ပြည်နယ်တရား လွှတ်တော်      တရားသူကြီးချုပ် ဦးတူးဂျာနှင့်     ပြည်နယ်ဝန်ကြီး များက ပြပွဲနှင့် ဈေးရောင်းပွဲတော် မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး  ပြည်နယ်အတွင်းရှိ  MSME      လုပ်ငန်းရှင်များက ခင်းကျင်းပြသထားသည့်    ဒေသ ထွက်ကုန်ပြခန်းများကို      လှည့် လည်ကြည့်ရှု      အားပေးသည်။ ပြခန်းများကို   ဈေးဝယ်သူများ၊ လာရောက်   လေ့လာကြည့်ရှုသူ များဖြင့် စည်ကားလျက်ရှိပြီး မေ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ်    အစိုးရအဖွဲ့ ကကြီးမှူးကျင်းပသော  အလုပ် သမားနေ့   အထိမ်းအမှတ်    ပြည် နယ်ထုတ်ကုန်ပစ္စည်းများ MSME  ပြပွဲကို မေ ၁ ရက် နံနက် ၈ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပ ရာ   ပြည်နယ်ဝန်ကြီးချုပ်   ဦးစော မြင့်ဦးနှင့်     တာဝန်ရှိသူများက ပြခန်းများကို    လှည့်လည်ကြည့်ရှု အားပေးကြပြီး   ပြပွဲတွင်  လူသုံး ကုန်၊    စားသောက်ကုန်၊      ရိုးရာ အဝတ်အထည်များ၊    စိုက်ပျိုးရေး ထုတ်ကုန်များနှင့်  ဌာနဆိုင်ရာ ပြခန်း စုစုပေါင်း  ၂၈  ခန်း ပြသ ထားကြောင်း သိရသည်။ 
ချင်းပြည်နယ်
ချင်းပြည်နယ်   အစိုးရအဖွဲ့က  ဦးဆောင်    ကျင်းပပြုလုပ်သော ပြည်နယ်အတွင်းရှိ    အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွား ရေးလုပ်ငန်းများ၏ ဒေသထုတ်ကုန် ပြပွဲ  အခမ်းအနားကို  မေ ၁ ရက် နံနက်   ၁၀   နာရီက   ဟားခါး တပ်နယ်      အားကစားကွင်း၌ ကျင်းပရာ ယနေ့နံနက် ပြည်နယ် ဝန်ကြီးချုပ်   ဒေါက်တာ    ဝုန်ဆွန်း ထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်           ဦးနေစိုး၊  အနောက်မြောက်တိုင်း   စစ်ဌာန ချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊   ပြည်နယ်လုံခြုံရေးနှင့်        နယ်စပ် ရေးရာဝန်ကြီး          ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့်    ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့် ဇမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး     ပြခန်းများကို     လှည့်လည် ကြည့်ရှုအားပေးကြသည်။
မွန်ပြည်နယ် 
အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ အခမ်းအနားကို ဂုဏ်ပြု သောအားဖြင့် ပြည်နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ    ထုတ်လုပ် သော ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့်        အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများမှ  ထုတ်လုပ်သည့်    ထုတ်ကုန်များ၊ ဒေသထွက် ရိုးရာအစားအစာများ ပြပွဲကို မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌   ယနေ့နံနက်က  ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင် ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီး များ      တက်ရောက်        ကြည့်ရှု အားပေးသည်။
ရှမ်းပြည်နယ်
၂၀၂၄ ခုနှစ်   အလုပ်သမားနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် ပြပွဲနှင့်     စျေးရောင်းပွဲတော်ကို မေ  ၁  ရက်က   တောင်ကြီးမြို့   မြို့တော်ခန်းမ၌ကျင်းပရာ    ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊     ပြည်နယ် ဝန်ကြီးများတို့က     ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး   ပြခန်းများကို    လှည့်လည်ကြည့်ရှုအားပေးသည်။ အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို မေ ၁ ရက်မှ ၃ ရက်အထိ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့်    မြို့တော်ခန်းမ ဘေးပတ်လည်တွင်   ညစျေးများ   ရောင်းချသွားမည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်း     ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမရှေ့၌ MSME       ထုတ်ကုန်များပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပ ရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက  လှည့်လည်ကြည့်ရှု အားပေးသည်။ ပြပွဲတွင်    တိုင်းဒေသကြီးအတွင်း မှ    ဒေသအလိုက်  ထွက်ရှိသည့် ကုန်ကြမ်းများ၊           ဒေသထွက်ကုန် နှင့်       စားသောက်ကုန်များကို  အရောင်းပြခန်းပေါင်း ၁၈ ခန်းဖြင့်   ပြသထားကြောင်း သိရသည်။


သတင်းစဉ်၊ တိုင်းဒေသကြီး/ 
ပြည်နယ် (ပြန်/ဆက်)