အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီး တပ်မတော်စစ်ကြောင်းများက အချိန်မီတိုက်ခိုက်၊ လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၇
နယ်မြေ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော  လုပ်ရပ်နှင့် အကြမ်းဖက် လုပ်ဆောင်မှုကို ဆန့်ကျင်လိုကြသည့်   ဒေသခံ တောင်ပေါ်   တိုင်းရင်းသားအချို့ ၏  လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်       ညွှန်ကြားမှုဖြင့် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများ    သယ် ဆောင်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေ ကြောင်း  သိရှိရ၍  ဒီဇင်ဘာ  ၇ ရက်တွင် ကျောက်မဲခရိုင် နမ့်ဆန် မြို့နယ်           ကုန်းသာရွာအနီးသို့  တပ်မတော်      စစ်ကြောင်းများက လေကြောင်းချီ           စစ်ဆင်ကာ အချိန်မီ တိုက်ခိုက်၍ လက်နက်၊ ခဲယမ်းများ         သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။(ယာပုံ)
ဖောက်ခွဲဖျက်ဆီး
ဖြစ်စဉ်မှာ   စစ်ကိုင်းတိုင်း ဒေသကြီး  ယင်းမာပင်မြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့်   မင်းကင်း မြို့နယ်အကြား  တောတွင်းပုန်း အောင်း၍   အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်ကာ အပြစ်မဲ့ပြည်သူ များနှင့် ဝန်ထမ်းများကို ပြန်ပေး ဆွဲ၊  ဖမ်းဆီးသတ်ဖြတ်လျက်ရှိ သော PDF အမည်ခံ အကြမ်းဖက် အဖွဲ့များသည် NUG၊ CRPH တို့နှင့် ဆက်သွယ်၍ ပလောင် ဒေသမှ တစ်ဆင့်   အကြမ်းဖက်လုပ်ငန်း များ ပိုမိုလုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲဖျက်ဆီး ရေးပစ္စည်းများ  သယ်ဆောင်လာ ကြောင်းနှင့်  ၎င်းအဖွဲ့များသည် နမ့်ဆန်မြို့နယ်   ကုန်းသာရွာ တစ်ဝိုက်    ရောက်ရှိခိုအောင်းနေ ကြောင်း  အကြမ်းဖက်မှုကိုမလို လားသည့်    ဒေသခံတောင်ပေါ် ကျေးရွာ  တိုင်းရင်းသားအချို့၏ သတင်းပေးပို့ချက်အရ  ဒီဇင်ဘာ ၇ ရက်တွင် တပ်မတော်စစ်ကြောင်း များက လေကြောင်းချီ   စစ်ဆင် လျက် ဝိုင်းပတ်ပိတ်ဆို့၍ အဆိုပါ ပစ္စည်းများ   သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက် အထိ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး   PDF   အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့ ထံမှ အလောင်းများနှင့် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ  သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအချို့အား သိမ်းဆည်းရမိ ခဲ့သည့်နေရာတွင်    ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။   ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည် အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက်   အဖွဲ့များကို ဝင်ရောက်   တိုက်ခိုက်ရာတွင် အစောပိုင်း၌ TNLA တိုင်းရင်းသား လက်နက်ကိုင်      အဖွဲ့အစည်းမှ ပလောင်ဒေသအတွင်း ဖြစ်ပွားမှု အပေါ်   နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုအချို့   ဖြစ်ပွားခဲ့သော် လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့်       ပြည်သူ အပေါ်   အဖျက်အမှောင့်လုပ်ငန်း များ  လုပ်ဆောင်နေသည့် NUG၊ CRPH၊ PDF တို့နှင့်သာ သက် ဆိုင်ကြောင်း   ရှင်းလင်းအသိပေး ခဲ့သဖြင့်   နောက်ပိုင်းတွင်   TNLA အနေဖြင့်   အသိပေးရှင်းလင်းမှု အပေါ်  သဘောပေါက်နားလည် လက်ခံခဲ့ကြောင်း သိရသည်။
အချိန်မီ ဖမ်းဆီးနိုင်
အဆိုပါ PDF အမည်ခံအကြမ်း ဖက်သမားများ၏   အကြမ်းဖက် လုပ်ရပ်များနှင့်     ပတ်သက်၍ သက်ဆိုင်ရာ    ဒေသခံတိုင်းရင်း သား        ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ      ကြောက်ရွံ့ စိုးရိမ်မှုများ   ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏  လှုပ်ရှားမှုသတင်းများ အား အချိန်မီ ပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များ လုပ် ဆောင်မည့် လက်နက်၊ ခဲယမ်းများ ကို ယခုကဲ့သို့ အချိန်မီ ဖမ်းဆီးနိုင် ခြင်းဖြစ်ကြောင်းနှင့်  အကြမ်းဖက် အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ လျှို့ဝှက်စွာ သတင်း ပေးပို့နိုင်ရန်နှင့်  ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက်  ပြည်သူ တစ်ရပ်လုံး    ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန်   သတင်း ထုတ်ပြန်ထားသည်။            
သတင်းစဉ်