
နေပြည်တော် ဖေဖော်ဝါရီ ၂၃
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီး ရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး အဖွဲ့ဝင်အချို့က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဒစ်ဂျစ် တယ် နည်းပညာများ တိုးတက်လာမှုနှင့်အတူ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲစသည့် အနုပညာဖန်တီမှုများကို Online Platform များမှတစ်ဆင့် ပြသဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုလို ထုတ်လွှင့်ပြသရာတွင် တရားဝင် ထုတ်လွှင့်ပြသခြင်းများရှိသကဲ့သို့ မူလ လက်ရာများကို ခိုးယူပြီး မိမိတို့၏ ကိုယ်ကျိုးစီးပွား အတွက် အွန်လိုင်းတွင် တရားမဝင်ပြသပြီး လောင်း ကစားအခြေပြု Platform များ တည်ထောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးကဏ္ဍများ ထူထောင် ခြင်းများနှင့် ဥပဒေမဲ့ဆောင်ရွက်မှုများသည် နေ့စဉ် နှင့်အမျှ တိုးတက်များပြားလာသည်ကို တွေ့မြင်ရပါ ကြောင်း။
နည်းပညာ တိုးတက်လာမှုနှင့်အတူ တရားမဝင် ခိုးယူဖြန့်ချိမှုများသည်လည်း စက္ကန့်နှင့်အမျှ နစ်နာ မှုများ ဖြစ်ပေါ်လာခြင်းကြောင့် ကာကွယ်တားဆီး နိုင်မည့် နည်းလမ်းများကို အမြန်ဆုံးလုပ်ဆောင် သွားရန်လည်း လိုအပ်ပါကြောင်း၊ ပြည်တွင်းပြည်ပ ရုပ်ရှင် ဇာတ်ကားများကို တရားမဝင်ပြသခြင်းနှင့် ရောင်းချခြင်းများ လုပ်ဆောင်လျက်ရှိသည့် Channel များ၊ Website များနှင့် Facebook Page များကို အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အရေးယူ ဆောင်ရွက်ခြင်း မပြုလုပ်ပါက နောင်တစ်ချိန်တွင် ဆိုးရွားသည့် မူပိုင်ခွင့်ချိုးဖောက်မှုများ ဖြစ်လာနိုင် သည့်အပြင် အခြားမသမာသူများက စီးပွားရေးအရ တရားမဝင် လုပ်ကိုင်လာနိုင်ပါကြောင်း။
ထို့ကြောင့် အဖွဲ့ဝင်များအနေဖြင့် အွန်လိုင်းမှ ရုပ်ရှင်ဇာတ်ကားများ တရားမဝင်ခိုးယူဖြန့်ချိမှု များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင် ရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အဖွဲ့ဝင်တစ်ဦးက အနုပညာဖန်တီး မှုများအား Online Platform များမှ တစ်ဆင့် တရားမဝင် ခိုးယူဖြန့်ချိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ ဆွေးနွေးကြသည်။
ယင်းနောက် အဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက် များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
သတင်းစဉ်