
အွန်လိုင်းမီဒီယာနှင့်မူပိုင်ခွင့်ဆိုင်ရာ ခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ
=================================================================
နေပြည်တော် ဩဂုတ် ၁၃
အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့ အပေါ် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာ စကားပြောကြားရာ၌ ယခုအခါ မီဒီယာ ၏ ပုံသဏ္ဌာန်၊ မီဒီယာရှုမျှော်ခင်းသည် ပြောင်းလဲသွားပြီး ဒစ်ဂျစ်တယ်မီဒီယာ များအဖြစ် အသွင်သဏ္ဌာန်အမျိုးမျိုး ဖြင့် ပေါ်ပေါက်လာပါကြောင်း၊ မီဒီယာ လုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသူများအနေဖြင့် ကမ္ဘာ့ မီဒီယာအကြောင်း၊ မြန်မာ့မီဒီယာ အကြောင်းနှင့် မီဒီယာ၏အရွေ့ကို သိရှိရန်လိုအပ်သကဲ့သို့ မည်သို့လိုက်ပါ တည်ဆောက်ရမည်ကို သိရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့ သို့ ဆွေးနွေးပွဲများကို ကျင်းပရခြင်း ဖြစ်ပြီး လေ့လာစရာ၊ ဆွေးနွေးစရာ၊ မျှဝေစရာ များစွာရှိပါကြောင်း၊ ကောင်းသည့်ဘက်ကို ဦးတည်နိုင်သည့် မီဒီယာအရွေ့ဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပုံနှိပ်မီဒီယာနှင့် Digital Revolution and Society Changes အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အွန်လိုင်းမီဒီယာနှင့်မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် စကား ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးကျော်သက်လင်းက ညှိနှိုင်းရေးမှူး(Moderator) အဖြစ် ဆောင်ရွက်ပြီး မူပိုင်ခွင့်ဆိုင်ရာဥပဒေ များအကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဌေး က လည်းကောင်း၊ အွန်လိုင်းမီဒီယာနှင့် ရုပ်သံလွှင့်မီဒီယာ အကြောင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံက လည်းကောင်း၊ ပုံနှိပ်မီဒီယာများအကြောင်းကို ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ စာတည်း ဒေါ်မေသူစိုးက လည်း ကောင်း၊ မြန်မာ့မီဒီယာအရွေ့နှင့် သတင်းမီဒီယာ ဥပဒေအကြောင်းကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ စာတည်း ဒေါ်ဟန်နီဝင်းက လည်း ကောင်း ဆွေးနွေးတင်ပြကြရာ တက် ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းကာ အကြံပြုဆွေးနွေး ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မီဒီယာအရွေ့ သည် ရှောင်လွဲ၍ မရနိုင်သည့်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ကြရန် အကြံပြုဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က နိဂုံးချုပ် အမှာ စကားပြောကြားကာ အွန်လိုင်းမီဒီယာ နှင့် မူပိုင်ခွင့်ဆိုင်ရာ ခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ် ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်