အင်းဝခေတ်စေတီတော် ထီးတော်တင်လှူ

 

စစ်ကိုင်း  ဒီဇင်ဘာ  ၂၆


စစ်ကိုင်းမြို့   မိုးဇာရပ်ကွက်   လောင်းလှဲဘုရား   ဘုရားကိုးဆူဝင်းအတွင်းရှိ  အောင်စင်္ကြာစေတီတော်    ထီးတော်တင်လှူပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ကျင်းပသည်။

 


အဆိုပါ  စေတီတော်မှာ အောက်တိုဘာ  ၂၆ ရက်က မိုးသက်လေပြင်းများ  ကျရောက်ခဲ့ခြင်းကြောင့်      စေတီတော်ကြီး ထီးတော်မှာ ပျက်စီးယိုယွင်းသွားခဲ့သည်။ ထီးတော်အသစ် ပြန်လည်တင်လှူ  ပူဇော်နိုင်ရန် အတွက်  မိုးဇာရပ်ကွက်  လူမှုရေးအသင်းမှ ဦးဆောင်ကာ  ရပ်ကွက်နေထိုင်သူများနှင့်  ဘုရားဝင်းအနီးရှိ   ဈေးဆိုင်ခန်းများမှ  ဈေးသူ ဈေးသားများက စုပေါင်းလှူဒါန်းမှု  ပြုကြခြင်းဖြစ်ကြောင်း  သိရသည်။

 


စေတီတော်ကြီးမှာ   အင်းဝခေတ်  ရှေးဟောင်းစေတီတစ်ဆူဖြစ်ကြောင်း  နှစ်စဉ်ဘုရားပွဲများ ကျင်းပလေ့ရှိကြောင်း  မိုးဇာရပ်ကွက်လူမှုရေးအသင်း အတွင်းရေးမှူး  ဦးဇော်မြင့်က  ပြောသည်။


ခိုင်ဇေယျ