အင်္ဂပူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များအား‌ ထောက်ပံ့

 

အင်္ဂပူ   ဩဂုတ်    ၃၀


ဧရာဝတီတိုင်းဒေသကြီး    အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေးခန်မ၌    ယနေ့    နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန     လူမှု     ဝန်ထမ်းဦးစီးဌာနမှ      မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်    ၎င်းတို့မှ‌ မွေးဖွားလာသော အသက်နှစ်နှစ်‌အောက် ကလေးငယ်များအား        ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်(ပထမပတ်)       ဧပြီ၊‌   မေ၊   ဇွန်အတွက်     ထောက်ပံ့ငွေ    ပေးအပ်ပွဲ ပြုလုပ်သည်။ 

 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအောင်ကျော်မိုးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ   ဦးစီး အရာရှိ ဒေါ်ရွှေဇင်ရတနာတို့က  ထောက်ပံ့ ငွေများပေးအပ်ရာ      တက်ရောက်လာ သည့်       ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများက    လက်ခံရယူကြ သည်။

 


အင်္ဂပူမြို့နယ်         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ     ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်     ဧပြီ၊  မေ၊ ဇွန်(ပထမပတ်)အတွက် မြို့နယ် အတွင်းရှိ  MCCT တွင် အကျုံးဝင်‌သော       ကိုယ်ဝန်ဆောင်မိခင်     ၁၆၈၃  ဦးနှင့် ၎င်းတို့မှ‌   မွေးဖွားလာသော   အသက် နှစ်နှစ်အောက်  ကလေးငယ်  ၃၇၆၉ ဦး စုစု‌ပေါင်း ၅၄၅၂ ဦးတို့အတွက်  ထောက်ပံ့ ငွေကျပ်  ၂၃၅၂၁၅၀၀၀     ထောက်ပံ့ပေး ကြောင်း သိရသည်။ 


မန်းကျော်(ပြန်/ဆက်)