
လန်ဒန် ဖေဖော်ဝါရီ ၁၀
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် သီးသန့်ခွဲခြားနေထိုင်မှု လိုအပ် ချက်ကို ယခုလတွင် အဆုံးသတ် ချင်နေပြီဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၉ ရက်က လွှတ်တော်တွင် ဂျွန်ဆင်က ရရှိ ထားသော အချက်အလက်များကို အခြေခံကာ ပြည်တွင်းကန့်သတ် ချက်များကို အဆုံးသတ်နိုင်တော့ မည်ဟုမျှော်လင့်ကြောင်း၊ ယင်း တွင် ကိုဗစ်ပိုးတွေ့ရှိပါက မိမိ ကိုယ်တိုင်သီးသန့် ခွဲခြားနေထိုင် မှုလိုအပ်ချက်လည်း ပါဝင်မည်ဖြစ် ကြောင်း ဂျွန်ဆင်က ပြောကြား လိုက်သည်။
အင်္ဂလန်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူများ သည် ငါးရက်မပြည့်မီ မိမိ ကိုယ်တိုင်သီးသန့်ခွဲခြားနေထိုင် ရမည်ဖြစ်သည်။ အစိုးရက အဆိုပါ သတ်မှတ်ချက်များကို မတ်လ နှောင်းပိုင်းတွင် ဖယ်ရှားရန် စီစဉ် ထားကြောင်း သိရသည်။
ဗြိတိန်တွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ၂၀၀၀၀၀ အထိ ရောက်ခဲ့ဖူးသည်။ သို့သော် လည်း ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသည့် အရေ အတွက်သည် ၇၀၀၀၀ ထက် ကျဆင်း လျော့နည်းခဲ့သည်။
ဂျွန်ဆင်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ကိုဗစ်-၁၉ ဖြင့် အသား တကျ နေထိုင်နည်းဗျူဟာများကို တင်ပြရန် ရည်ရွယ်ထားကြောင်း ပြောသည်။
ဇန်နဝါရီ ၂၇ ရက်က အဆောက်အအုံတွင်းတွင် ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ် ချက်ကို ဖယ်ရှားခဲ့သည်။ အင်္ဂလန် နိုင်ငံသို့ လာရောက်မည့် နိုင်ငံ တကာ ခရီးသွားများအပေါ် ကန့်သတ်ချက်အများစုကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့် အဝ ထိုးထားသူများအတွက် သောကြာနေ့တွင် ဖယ်ရှားပေး တော့မည်ဖြစ်သည်။
မိမိကိုယ်တိုင် သီးသန့်ခွဲခြား နေထိုင်မှုလုပ်ထုံးလုပ်နည်းများကို ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး တချို့ကျွမ်းကျင်သူများက အဆိုပါ ကိစ္စသည် လက်တွေ့ကျကြောင်းပြောဆိုကြသော်လည်း တချို့က နောက်ထပ် ကိုဗစ်-၁၉ ကူးစက်မှု အန္တရာယ်ကို သယ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ပြောကြသည်။
အင်န်အိတ်ချ်ကေ