
လန်ဒန် ဇန်နဝါရီ ၂၅
ဗြိတိန်အစိုးရသည် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ အင်္ဂလန်သို့ ဆိုက်ရောက်လာသူများမှာ ကိုဗစ်- ၁၉ ကာကွယ်ဆေးအပြည့်ထိုးပြီးပါက ဆေးစစ်မှုပြုလုပ်ရ မည်ဟူသော ကန့်သတ်ချက်ကို ဖယ်ရှားတော့မည်ဟု ပြောသည်။
အဆိုပါကြေညာချက်ကို သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဂရန့်ရှိတ်ပ်က ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ကိုဗစ် -၁၉ ကူးစက်မှုများ မှာ ကျဆင်းလာပြီဖြစ်သည့်အတွက် ယခုလိုလှုပ်ရှား မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုလအစောပိုင်းတွင် နေ့စဉ်ကူးစက်မှုမှာ ၂၀၀၀၀၀ ထက် ကျော်လွန်ခဲ့သော်လည်း ယခုအခါ နေ့စဉ်ကူးစက်မှုမှာ ၁၀၀၀၀၀ အောက်သို့ ကျဆင်း လာပြီဖြစ်သည်။
ထို့ပြင် ပြင်းပြင်းထန်ထန် ဖျားနာသူဦးရေမှာ လည်း ကျဆင်းလာသည်။ အပိုဆောင်းကာကွယ်ဆေးထိုးပေးခြင်းများကိုလည်း ဖြည်းဖြည်းနှင့်မှန်မှန် လုပ်ဆောင်လျက်ရှိသည်။ အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ် -၁၉ ကာကွယ်ဆေးတတိယအကြိမ် ထိုးပြီးသူ ဦးရေမှာ ၆၄ ရာခိုင်နှုန်းရှိပြီဟု သိရသည်။
အိုမီခရွန်ကူးစက်မှုမှာ ဗြိတိန်တွင်လွှမ်းမိုးနိုင် သည့် ဗိုင်းရပ်စ်ဖြစ်လာခဲ့သည်။ လေကြောင်းလိုင်း နှင့် ခရီးသွားလုပ်ငန်းများမှာ ကိုဗစ် -၁၉ ကပ်ရောဂါ ကြောင့် ဆိုးဆိုးရွားရွားထိခိုက်စေခဲ့သည်။ ယင်းလုပ်ငန်း များသည် ယခုကြေညာချက်ကို ကြိုဆိုခဲ့ကြသည်။
ဗြိတိန်နိုင်ငံသည် နိုင်ငံအတွင်း တင်းကျပ်သည့် အသွားအလာပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ကာ ဗိုင်းရပ်စ်ကို ရှင်းလင်းနိုင်ရေးထက် ဗိုင်းရပ်စ်နှင့် အတူ ယှဉ်တွဲနေထိုင်နိုင်ရေးကိုသာ ပုံဖော်လျက်ရှိ သည်။
ဇန်နဝါရီ ၂၇ ရက်မှစတင်ကာအင်္ဂလန်၌ အများ ပြည်သူများနှင့်သက်ဆိုင်သည့် အဆောက်အအုံ ပြင်ပနေရာများ၌ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင် ရန် မလိုအပ်တော့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ