အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲကျင်းပ

 

 

နေပြည်တော် ဇွန် ၂၂


ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော    အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
သင်တန်းဆင်းပွဲတွင် ပြန်ကြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး    ဦးချစ်နိုင်က    သင်တန်းမှ ပို့ချလိုက်သည့် သင်ခန်းစာများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ ပြန်လည် အသုံးချရေး၊ စဉ်ဆက် မပြတ် ဆက်လက်လေ့ကျင့်သွား ရေးတို့နှင့်  စပ်လျဉ်း၍   ပြောကြား သည်။
ထို့နောက်   ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး   ဒေါက်တာ ဇော်မြင့်က မြန်မာစာ၊ အင်္ဂလိပ်စာ အသုံးအနှုန်း    မှန်ကန်ရေးနှင့် အသံထွက်     မှန်ကန်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
 ယင်းနောက်    ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် နည်းပညာ၊   သက်မွေး ပညာနှင့်  လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ စိုင်းကျော်နိုင်ဦးတို့က    သင်တန်း ဆင်း     လက်မှတ်များ     ပေးအပ် ကြသည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်က  ပြန်ကြားရေး ဝန်ကြီးဌာနက      စီစဉ်ထုတ်ဝေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     သတင်းထုတ်ပြန်ရေး အဖွဲ့၏      သတင်းစာရှင်းလင်းပွဲ မှတ်တမ်းစာအုပ်    အုပ်ရေ (၁၀၀၀၀)ကို     လည်းကောင်း၊ ဒုတိယဝန်ကြီး       ဒေါက်တာ ဇော်မြင့်က    မြန်မာစာအဖွဲ့က ထုတ်ဝေသည့် စာအုပ်၊    စာစောင် များကို   လည်းကောင်း   အပြန် အလှန် ပေးအပ်ကြသည်။
အဆိုပါသင်တန်းကို  တစ်ပတ် လျှင် သင်တန်း ၂ ချိန်ဖြင့် ၈ ပတ် ကြာသင်ကြားပို့ချခဲ့ပြီး  ပြန်ကြား ရေးဝန်ကြီးဌာနမှ  သင်တန်းသား ၃၀     တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ 
                                        သတင်းစဉ်