အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိကြောင်း တရုတ်သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြ

 

ထူးလင်းမိုး

 

တရုတ်သိပ္ပံပညာရှင်တွေဟာ အင်္ဂါဂြိုဟ် ပေါ်မှာ အရင်က ရေတွေ့ရှိခဲ့တယ်ဆိုတဲ့ စူးစမ်းလေ့လာတွေ့ရှိမှုနဲ့      ပတ်သက် ပြီး  သက်သေအထောက်အထားသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။   အနီရောင် ဂြိုဟ်ပေါ်မှာ         ရေဓာတ်ပါဝင်တဲ့ ကျောက်တုံးကျောက်ခဲတွေ ရှိပါတယ်။ အဲဒါကို အင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 


ရေတွေ့ရှိခဲ့တာကို ဖော်ထုတ်ခဲ့  


သိပ္ပံတိုးတက်ဖြစ်ထွန်းမှု   ဂျာနယ် တစ်ခုဖြစ်တဲ့ Science Advances မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာတွေ့ရှိချက်က လွန်ခဲ့တဲ့  နှစ်ပေါင်း ၁ ဒသမ ၈ ဘီလီယံ အတွင်းမှာ         အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ ကြီးမားတဲ့ချိုင့်ဝှမ်းမှာ   ရေပါဝင်တာကို ဖော်ထုတ်ခဲ့ပါတယ်။
အရင်ထင်ထားတဲ့  အချိန်ကထက် ပိုပြီးရှေးကျတဲ့ ကာလကတည်းက အင်္ဂါ ဂြိုဟ်ပေါ်မှာ   ရေရှိခဲ့တယ်ဆိုတာကို ဒီတွေ့ရှိချက်က ဖော်ပြထားပါတယ်။ 

 


ထူးခြားတဲ့သွင်ပြင် 
လက္ခဏာတွေကို ရယူ   


ဒါ့အပြင်      အင်္ဂါဂြိုဟ်မှာ     ရေကို ရေဓာတ်ပါဝင်တဲ့ ကျောက်တုံးကျောက်ခဲ တွေအဖြစ် စုစည်းသိုလှောင်ထားနိုင် သလို      မြေအောက်ရေခဲပုံစံမျိုးလည်း သိုလှောင်ထားနိုင်ကြောင်း    ဒီလေ့လာ တွေ့ရှိမှုက ညွှန်ပြထားပါတယ်။
တရုတ်သိပ္ပံအကယ်ဒမီ လက်အောက် ရှိ    အမျိုးသားအာကာသသိပ္ပံဌာနက ဦးဆောင်တဲ့   သုတေသနပညာရှင်တွေ ဟာ တရုတ်အင်္ဂါဂြိုဟ်လေ့လာရေးယာဉ် က ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေ ကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီလေ့လာ ရေးယာဉ်ဟာ အင်္ဂါဂြိုဟ်ရဲ့ မြောက်ပိုင်း အခြမ်းကျယ်ပြန့်တဲ့      အပိုင်းဖြစ်တဲ့  Utopia Planitia ရဲ့ တောင်ပိုင်းမှာရှိတဲ့ နမူနာအနည်တွေနဲ့  ရေဓာတ်ပါဝင်တဲ့ ကျောက်စိုင်ကျောက်ခဲတွေရဲ့ ထူးခြား တဲ့ သွင်ပြင်လက္ခဏာကို ရယူခဲ့ပါတယ်။

 


စူးစမ်းလေ့လာခဲ့ 


အင်္ဂါဂြိုဟ်လေ့လာစူးစမ်းရေးယာဉ် ဖြစ်တဲ့ ဇူရောင်းကင်မရာက များပြားလှ တဲ့    အရည်ပမာဏကြောင့်   ကျောက် ပန်းဆွဲလိုဖြစ်ပေါ်နေတဲ့      သို့မဟုတ် မြေအောက်ရေ     မြင့်တက်မှုကြောင့် သော်လည်းကောင်း၊   မြေအောက်ရေခဲ ပြင် အရည်ပျော်၍ သော်လည်းကောင်း ဖြစ်ပေါ်လာတဲ့ duricrust အလွှာအဖြစ် ဖမ်းယူရရှိခဲ့တဲ့    ထွန်းလင်းတောက်ပ ပြီး   အလွန်ကြီးမားတဲ့  ကျောက်စိုင် ကျောက်တုံးတွေကို သုတေသနပညာရှင် တွေက စူးစမ်းလေ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီဆာလဖိတ်မင်နရယ် အစိုင်အခဲတွေ ဟာ     တခြားအင်္ဂါဂြိုဟ်သွားယာဉ်က လေ့လာတွေ့ရှိခဲ့တဲ့     အရာတွေထက် ပိုပါးလွှာပြီး     ဖွဲ့စည်းပုံလည်း   အားနည်း ပါတယ်။

 


သက်သေပြနိုင်ဖို့ ကြိုးစားခဲ့ကြ  


မတ်လက   Nature  Geoscience မှာ ဖော်ပြခဲ့တဲ့ တခြားတရုတ်လေ့လာမှု တစ်ခုမှာတော့  ဇူရောင်းရောက်ရှိခဲ့တဲ့ နေရာဟာ လေနဲ့ရေတို့ရဲ့ တိုက်စားခြင်း ကို     ခံရတဲ့နေရာဖြစ်မယ်လို့   သုံးသပ် ဖော်ပြထားပါတယ်။
နှစ်ပေါင်းများစွာကြာအောင် သိပ္ပံ ပညာရှင်တွေဟာ    အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိကြောင်းကို      သက်သေပြနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။   တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ်သွားယာဉ်ဟာ အနီရောင်ဂြိုဟ် ကြီးလို့ တင်စားခေါ်ဝေါ်ရမယ့် အင်္ဂါဂြိုဟ် မှာ    ရေရှိတယ်ဆိုတဲ့အကြောင်း  ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိ တာဟာ သိပ္ပံပညာရှင်တွေ မထင်ထားတဲ့ အချိန်ကတည်းက ဖြစ်ပါတယ်။  လွန်ခဲ့ တဲ့    နှစ်သန်းပေါင်း   ၇၀၀  လောက် ကတည်းက ရေဟာ အေးပြီးခြောက်သွေ့ နေတဲ့ ဂြိုဟ်ကြီးပေါ်မှာ တည်ရှိခဲ့ကြောင်း ကို လေ့လာတွေ့မှုအသစ်မှာ ဖော်ပြထား ပါတယ်။

 


အခုချိန်ထိ တည်ရှိခဲ့  


ဆိုလိုတာကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ ရေတွေဟာ Amazonian ခေတ်ကာလ ကတည်းက    အခုအချိန်အထိ   တည်ရှိ ခဲ့တာ ဖြစ်ပါတယ်။ 
သိပ္ပံပညာရှင်တွေဟာ ဟက်စပီရီယန် ကာလ   လွန်ခဲ့တဲ့နှစ်ပေါင်း   သုံးဘီလီယံ ခန့်ကတည်းက  အင်္ဂါဂြိုဟ်ပေါ်မှာ  ရေရှိ ခဲ့တယ်ဆိုတာကို ယုံကြည်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရေတွေ အမြောက် အမြား  ဆုံးရှုံးခဲ့ပါတယ်။ 
အခု    နောက်ဆုံးတွေ့ရှိချက်အရ အင်္ဂါဂြိုဟ်နဲ့ပတ်သက်ပြီး  နောက်ထပ် အချက်အလက်သစ်တွေကို ပိုမိုသိရှိလာ ခဲ့ပါတော့တယ်။

 


ဆက်လက် လည်ပတ်လှုပ်ရှားနေဦးမယ်  


အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတုဟာ အေးပြီး ခြောက်သွေ့ပါတယ်။ အရည်လည်ပတ် လှုပ်ရှားမှုဟာလည်း ကန့်သတ်ချက်တွေ ရှိပါတယ်။       အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ ရေပါဝင်တဲ့ ကျောက်စိုင်ကျောက်ခဲတွေ ကို   အင်္ဂါဂြိုဟ်သွားယာဉ်က  လှိုင်းတို အနီအောက်ရောင်ခြည်နဲ့ ရှာဖွေတွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ 

 


ဇူရောင်း    အင်္ဂါဂြိုဟ်သွားယာဉ်ဟာ အခုအချိန်အထိ      အင်္ဂါဂြိုဟ်ပေါ်မှာ တစ်နှစ်ကြာ ရောက်ရှိနေခဲ့ကြောင်း သိရ ပါတယ်။   အင်္ဂါဂြိုဟ်ရဲ့  မျက်နှာပြင်ပေါ် မီတာ ၂၀၀၀ နီးပါး  သွားလာပြီးပြီဖြစ် တယ်လို့ သိရပါတယ်။ 

 


အင်္ဂါဂြိုဟ်ဟာ      အရင်တုန်းက နွေးထွေးပြီး စိုစွတ်တဲ့ ဂြိုဟ်တစ်ခုဖြစ်ခဲ့ ပါတယ်။    သို့သော်လည်း   နှစ်ကာလ အတော်ကြာ ပြောင်းလဲသွားပြီးနောက် မှာတော့   အင်္ဂါဂြိုဟ်ဟာ  ခြောက်သွေ့ အေးမြတဲ့ ဂြိုဟ်ကြီးတစ်လုံးဖြစ်လာခဲ့ ပါတော့တယ်။ အနီရောင်ဂြိုဟ်ကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဘီလီယံက  စတင် ခဲ့တဲ့    Amazonian    ကာလမှသည်   ယနေ့တိုင် ဆက်လက်လည်ပတ်လှုပ်ရှား နေဦးမှာ ဖြစ်ပါတယ်။ 


ကိုးကား- ဆင်ဟွာ