အင်ဒိုနီးရှားတွင် ပထမဆုံးပြည်တွင်း အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်သူတစ်ဦးတွေ့ရှိပြီး စုစုပေါင်း ၄၇ ဦးရှိ

 

 

ဂျကာတာ ဒီဇင်ဘာ ၂၈ 
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ဒီဇင်ဘာ ၂၈ ရက်က ပထမဆုံး ပြည်တွင်းအိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူတွေ့ရှိခဲ့ကြောင်းနှင့်  အစိုးရကို  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းကို  ခြေရာခံရာတွင်  ပိုပြီး သတိကြီးကြီးဖြင့် လုပ်ဆောင်ရန် သတိပေးလိုက်ခြင်းဖြစ်သည်။ 
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူမှာ အသက်  (၃၇   နှစ်)  အရွယ်   အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် လွန်ခဲ့သည့်     လအနည်းငယ်အတွင်း     နိုင်ငံရပ်ခြား ခရီးသွား       ရာဇဝင်လုံးဝမရှိကြောင်း     သို့မဟုတ် ပြည်ပခရီးသွားနှင့်     ထိတွေ့ခဲ့ခြင်း     မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရေး      ပြောရေးဆိုခွင့်ရှိသူ    ဆီတီနာဒီယာ တာမီဇီက     အွန်လိုင်းသတင်းစာ  ရှင်းလင်းပွဲတွင် ပြောကြားသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသည် ဆူမားတြား မြောက်ပိုင်း    မီဒန်မြို့မှ   ဂျကာတာသို့   ဒီဇင်ဘာ ၆ ရက်က ရောက်ရှိလာခဲ့သည်။ ရောက်သည့်နေ့မှာပင်  ၎င်းနှင့် ၎င်း၏ဇနီးတို့သည် ဆူဒါမန်ဗဟိုစီးပွားရေး ဒေသရှိ   ဈေးဝယ်ကုန်တိုက်တစ်ခုသို့  သွားရောက်ခဲ့ သည်။ 
မီဒန်သို့မပြန်ခင် ဆေးရုံ၌ ကိုဗစ်-၁၉ စစ်ဆေး ခဲ့ရာ ၎င်းတွင် အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ခံထား ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်က ကူးစက်မှုကို   အတည်ပြုခဲ့သည်။   ၎င်း၏ဇနီးတွင် မည်သည့်   ကိုဗစ်-၁၉   ဗိုင်းရပ်စ်မှ  ကူးစက်ဖြစ်ပွား ခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။ 
ဌာနဆိုင်ရာအရာရှိများသည် ၎င်းနှင့်အနီးကပ် ထိတွေ့ခဲ့သူများကို ခြေရာခံပြီး ဆေးရုံနှင့် ကုန်တိုက် သို့လာရောက်သူများနှင့် ပိုးတွေ့လူနာနေထိုင်ခဲ့သော  ဂျကာတာမြောက်ပိုင်းရှိ  တိုက်ခန်းသို့ လာရောက်သူ များကို ကိုဗစ်-၁၉ စစ်ဆေးရန် တို့ဖတ်နမူနာများ ရယူခဲ့ကြောင်း သိရသည်။ 
ယခုတွေ့ရှိခဲ့သော       ပိုးတွေ့လူနာအပါအဝင် နိုင်ငံအတွင်း    အိုမီခရွန်ဗိုင်းရပ်စ်   ကူးစက်ဖြစ်ပွား လျက်ရှိသူ ၄၇ ဦးအထိ ရှိလာပြီဖြစ်သည်။   ဆင်ဟွာ