
ဂျကာတာ ဒီဇင်ဘာ ၂၇
အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ တစ်နေ့တည်း ၁၂၀ တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၆၁၈၇၉ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြ လိုက်သည်။
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ရှစ်ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၁၄၄၀၆၃ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၂၇၁ ဦးရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၄၁၁၃၃၂၀ အထိ ရှိလာသည်။
သက်ဆိုင်ရာ အာဏာပိုင်များက တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ် သည့် ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး ကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် အစုလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုကို ဇန်နဝါရီ ၁၃ ရက်က စတင်ခဲ့သည်။
ယနေ့အချိန်အထိ လူပေါင်း ၁၁၀၈၁၂၈၅၆ ဦး ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၁၅၆၉၉၄၇၈၆ ဦး ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး သို့မဟုတ် တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးသူ ၁၂၈၀၆၇၃ ဦးရှိပြီဖြစ် သည်။ အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိသည်။
ဆင်ဟွာ