အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄ ဒသမ ၄ သန်းကျော်ရှိလာ

 

ဂျကာတာ  ဖေဖော်ဝါရီ   ၄  


ကျွန်းနိုင်ငံတစ်ခုဖြစ်သော     အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားမှု မြင့်တက် နေသည့်အချိန်တွင် ဖေဖော်ဝါရီ ၄ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ   ၃၂၂၁၁  ဦးရှိကြောင်း အတည်ပြုဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းမှာ   ၄၄၄၆၆၉၄  ဦးအထိ ရှိလာခဲ့ကြောင်း         ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ 

 


ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၄၂ ဦး ထပ်မံသေဆုံး မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၁၄၄၄၅၃ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ 

 


လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး   ဆေးရုံမှ ဆင်းလာသူ ၇၁၉၀  ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာသူ ၄၁၆၁၉၈၇  ဦးအထိ ရှိလာသည်။ 

 


ကိုဗစ်-၁၉ ကပ်ရောဂါ   ကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် အစိုးရသည် အမျိုးသားကာကွယ်ဆေးထိုးအစီအစဉ်ကို အရှိန်မြှင့်တင်ခဲ့ရာ ယခုအချိန်အထိ လူပေါင်း ၁၈၆ ဒသမ ၀၁  သန်း ကိုဗစ်-၁၉ ပထမအကြိမ်ထိုးနှံမှုခံယူပြီးပြီဖြစ်ကာ    ဒုတိယအကြိမ် ကိုဗစ်-၁၉     ကာကွယ်ဆေးထိုးနှံပြီးသူပေါင်းမှာ ၁၃၀ ဒသမ   ၁၂  သန်းကျော်   ရှိလာပြီဖြစ်သည်။ 

 


တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆီနိုဗက်ကို သက်ဆိုင်ရာအာဏာပိုင်များက အတည်ပြုပြီးနောက် လွန်ခဲ့သောနှစ် ဇန်နဝါရီလမှစကာ အင်ဒိုနီးရှားနိုင်ငံ ၌ အစုလိုက် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးမှုများ စတင်လုပ်ဆောင်ခဲ့သည်။

 


နိုင်ငံအတွင်းရှိ လူဦးရေ ၂၀၈ ဒသမ ၂ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပေးရန် ရည်မှန်းချက်ထားပြီးဆောင်ရွက်လျက်ရှိရာ အပို ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူအပါ အဝင် စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ပေါင်း ၃၂၁ ဒသမ ၂၅ သန်းရှိလာပြီဖြစ်သည်။ 

 

ဆင်ဟွာ