အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၁၀၃ ဒသမ ၀၉ သန်းရှိ

 

 

ဂျကာတာ   ဒီဇင်ဘာ   ၁၃   
အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ   ၁၀၆ ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၅၉၂၄၉ ဦးအထိ ရှိလာခဲ့သည်။ 
ထို့အတူ  ကိုဗစ်-၁၉ ကြောင့်   ၁၂ ဦး  ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူ ၁၄၃၉၄၈ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ 
လွန်ခဲ့သော  ၂၄  နာရီအတွင်း  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၂၇၈ ဦး ရှိလာသော ကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာသူ ၄၁၁၀၃၂၇  ဦးအထိ ရှိလာသည်။ 
အင်ဒိုနီးရှားနိုင်ငံတွင်  တတိယအကြိမ်   အပိုဆောင်း  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအပါအဝင် ယနေ့အချိန်အထိ တစ်ခါထိုးကာကွယ် ဆေးပမာဏ ၂၅၁ ဒသမ ၂၃ သန်း ထိုးနှံပြီးဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၁၄၆ ဒသမ ၈၇ သန်းရှိလာခဲ့ပြီဖြစ်သလို ၁၀၃ ဒသမ ၀၉ သန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက်သည်။ 
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးထိုး ပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ 
ဆင်ဟွာ