အင်ဒိုနီးရှားနိုင်ငံ၌ ၅၄၀၃ ဦး ရောဂါထပ်မံကူးစက်ခံရ

ဂျကာတာ စက်တင်ဘာ ၅ 


အင်ဒိုနီးရှားနိုင်ငံ၌   လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၀၃ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ  ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း    ၄၁၂၉၀၂၀  ရှိလာကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက     ယနေ့သတင်းထုတ်ပြန်သည်။ 


သေဆုံးသူပေါင်း ၁၃၅၈၆၁ ဦးရှိလာ


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၉၂ ဦး ထပ်မံသေဆုံး ခဲ့ရာ    အဆိုပါရောဂါကြောင့်   သေဆုံးသူပေါင်း ၁၃၅၈၆၁ ဦး ရှိလာပြီဖြစ်သည်။ 

သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၁၀၁၉၁ ဦး ဆေးရုံများမှ ဆင်းသွားခဲ့ရာ  ဆေးရုံများမှ  ပြန်လည်ဆင်းသွား ခဲ့သူပေါင်း ၃၈၃၇၆၄၀ ရှိလာသည်။

လက်ရှိအချိန်အထိ  ကာကွယ်ဆေးနှစ်ကြိမ် စလုံးထိုးနှံမှုခံယူပြီးသူ    ၃၈ ဒသမ ၂၂ သန်းရှိပြီး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးသူ ၆၆ ဒသမ ၇၈ သန်းရှိသည်။ 

လူဦးရေ ၂၀၈ ဒသမ ၂၆ သန်းအား ကာကွယ် ဆေးထိုးနှံပေးရန် အင်ဒိုနီးရှားအစိုးရက ရည်ရွယ် ထားသည်။


ကိုးကား- ဆင်ဟွာ
 ဘာသာပြန်- အောင်ကျော်ကျော်