အင်ဒိုနီးရှားနိုင်ငံ၏ ဆမ်မရူမီးတောင် ပေါက်ကွဲမှုဖြစ်ပွား

 

ဂျကာတာ  စက်တင်ဘာ  ၂၂


အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဆမ်မရူမီးတောင်မှာ စက်တင်ဘာ ၂၂ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး မီးတောင်ဧရိယာနှင့် ဝေးဝေးတွင်နေထိုင်ကြရန်  ဒေသခံအာဏာပိုင်များက ပြည်သူများကို သတိပေး ထားသည်။ 


ဆမ်မရူမီးတောင်သည်  ဒေသစံတော်ချိန်နံနက် ၉ နာရီ ၂၃ မိနစ်တွင်   ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး မီးတောင်ဝမှ  ၇၀၀  မီတာအထိ ပြာပူများ မှုတ် ထုတ်ခဲ့သည်ဟု  ဆမ်မရူမီးတောင်စောင့်ကြည့်ရေး အဖွဲ့က ပြောသည်။     မီးတောင်ပေါက်ကွဲမှုကြောင့် ထူထပ်သည့်ပြာပူများကို   အရှေ့တောင်ဘက်နှင့်တောင်ဘက်ဆီသို့မှုတ်ထုတ်ခဲ့ကြောင်း စောင့်ကြည့် အရာရှိတစ်ဦးဖြစ်သူ ယာဒီ ယူလီအန်ဒီက ပြောသည်။

 
 ပြည်သူများအနေဖြင့် နိုးနိုးကြားကြားနေကြရန် နှင့်   နောက်ထပ်ပေါက်ကွဲမှုမှ   ရှောင်ရှားနိုင်ရန် အတွက်လည်း သတိပေးထားသည်။  


ဆမ်မရူမီးတောင်သည်  ပင်လယ်ရေမျက်နှာပြင် အထက် ၃၆၇၆ မီတာတွင်ရှိပြီး   တတိယအဆင့် အန္တရာယ်ပေးနိုင်သည့်  မီးတောင်လည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မီးတောင်ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်နှင့်ချီ၍ နေအိမ်များ ကို စွန့်ခွာခဲ့ရကာ လူ ၅၀ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။                     

ဆင်ဟွာ