အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နှင့် လှည်းကူးမြို့နယ်များအတွင်း အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက်နေသော Moon Light Operation အကြမ်းဖက်အဖွဲ့မှ  Star Light Operation အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

 

နေပြည်တော်   နိုဝင်ဘာ   ၈


နိုင်ငံတော်မှ  အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့်   CRPH၊ NUG နှင့် PDF အဖွဲ့များ၏   အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ   အောက်တိုဘာ  ၂၃ ရက်တွင် အေးချမ်းစွာနေထိုင်လိုသော တာဝန်သိပြည်သူများ၏    သတင်းပေးချက်အရ   လုံခြုံရေးပူးပေါင်းအဖွဲ့သည်  အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် သီဟိုဠ်ကျောင်းလမ်း၊ အမှတ်(၅၆၁)နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်ကောင်းစံ(ခ)ကောင်းကောင်း (၁၇)နှစ်၊ ရှိုင်းအောင်(ခ)ဝိုင်းချစ် (၂၂)နှစ်နှင့် နေမင်းထက်(၁၈)နှစ်တို့  သုံးဦးကို  လက်လုပ်ဗုံး နှစ်လုံး၊   ဗြောက်အိုး ၂၂ ဘူး၊  ဓာတ်ငွေ့ကာမျက်နှာဖုံး သုံးခု၊  ဓာတ်ငွေ့ကာမျက်မှန်သုံးခု၊  အခြားဆက်စပ်ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။     တရားခံ      နေမင်းထက်၏ ထွက်ဆိုချက်အရ     အောက်တို ဘာ   ၂၃  ရက်တွင်  အင်းစိန်မြို့ နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်နေသော  သူရိန်  (ခ) နိုင်လင်းခန့် (၁၈) နှစ်၊ ဘုန်းမြတ် လှိုင် (၁၈) နှစ်၊ ဆန်းရတနာကျော် (၁၇) နှစ်၊ ခိုင်မာစိုး (၁၈) နှစ်နှင့် စောဝင်းကိုကိုထွန်း (၃၁) နှစ်တို့ ငါးဦးကို  TOYOTA  Vitz  အမျိုး အစား     မော်တော်ယာဉ်တစ်စီး နှင့်အတူ   အင်းစိန်မြို့နယ်၊   ရွာမ အရှေ့ရပ်ကွက်၊      မင်းကြီးလမ်း၊ ကွယ်ကဘော     ဆေးရုံအနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
တရားခံ သူရိန် (ခ)နိုင်လင်း ခန့်၏ ထွက်ဆိုချက်အရ အောက် တိုဘာ ၂၃ ရက်တွင် အင်းစိန်မြို့ နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်၊ (က-၆)  လမ်း၊   အမှတ်   (၁၂၃) နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ  တရားခံ ကျော်ကျော်အောင် (၃၁)နှစ်မှာ    တိမ်းရှောင်လျက်ရှိပြီး ဇွဲကိုကို (၂၂) နှစ်နှင့် သန့်ဇင်မျိုး (၃၈)  နှစ်တို့ကို   လက်လုပ်မိုင်း ၁၀ လုံး၊  ဂျင်ကလိ အချောင်း  ၅၀၊ ဝိုင်ယာမျိုးစုံ  သုံးခွေ၊   စက်ဘီး ကုန်းသီး ၂၂ လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
 ဝင်ရောက်ရှာဖွေ
တရားခံ သူရိန် (ခ)နိုင်လင်း ခန့်၏ ထွက်ဆိုချက်အရ အောက် တိုဘာ  ၂၄  ရက်တွင် မရမ်းကုန်း မြို့နယ်၊ သမိုင်းရပ်ကွက်၊ အမှတ် (၆၆၃)   နေအိမ်သို့     ဝင်ရောက် ရှာဖွေခဲ့ရာ  အောင်ချမ်းမြေ့  (၁၈)နှစ်အား Glock ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၂၀ နှင့်   လည်းကောင်း၊ သူရိန် (ခ)နိုင်လင်း ခန့် နေထိုင်ခဲ့သည့်  သင်္ဃန်းကျွန်း မြို့နယ်၊     (ဆ/က)    ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊    တိုက် အမှတ်   (၈)၊  (၆)   လွှာ တိုက်ခန်း အား        ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်ဗုံးမျိုးစုံ   ၁၃    လုံးကို လည်းကောင်း၊     လှိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊    (၉)   လမ်း၌ မိုးကျော်သူ (ခ) ကွမ်းသီး (၃၂) နှစ် ကိုလည်းကောင်း    ဖမ်းဆီးရမိ ခဲ့သည်။
တရားခံ သူရိန် (ခ)နိုင်လင်း ခန့်၏ ထွက်ဆိုချက်အရ အောက် တိုဘာ  ၂၉  ရက်တွင်   ရွှေပြည် သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ရှိ “အောင်မြတ်စံ” လက်ဖက်ရည် ဆိုင်၌ တရားခံ အာကာဖြိုး (၂၀) နှစ်၊  စိုင်းဖြိုးမင်းဝင်း  (ခ) ကိုစိုင်း (၂၈)  နှစ်တို့ကို  ဖမ်းဆီးရမိခဲ့ပြီး  အင်းစိန်မြို့နယ်၊ ရွာမ(အနောက်)ရပ်ကွက်၊     မုဒိတာအိမ်ရာ  (၂)၊ အမှတ် (၄၈၆) နေအိမ်၌ နွေးနွေး လှိုင် (ခ) ခင်သစ္စာ (၃၅) နှစ်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
  ပြန်လည်ပစ်ခတ်ဖမ်းဆီး
တရားခံများ၏ ထွက်ဆိုချက် အရ အောက်တိုဘာ ၂၉ ရက်တွင်   ရွှေပြည်သာမြို့နယ်၊  (၅)ရပ်ကွက်၊ စိန်ခြယ်လမ်း၊ အမှတ် (၂၄၈/က)    နေအိမ်အား   သွားရောက်ရှာဖွေ စဉ် နေအိမ်အတွင်းမှ ခုခံပစ်ခတ် သဖြင့်   လုံခြုံရေးအဖွဲ့ဝင်များက   စနစ်တကျ       ပြန်လည်ပစ်ခတ် ဖမ်းဆီးရာ    အဆိုပါနေအိမ်မှ   ကျော်စည်သူ  (၃၉) နှစ်နှင့် သီဟ အောင် (၃၆)  နှစ်တို့ကို ချိန်ကိုက် ဗုံး သုံးလုံး၊ လက်လုပ်မိုင်း ငါးလုံး တို့နှင့်အတူ         ဖမ်းဆီးရမိခဲ့ပြီး လှိုင်မြို့နယ်၊ (၁) ရပ်ကွက်၊ ဦးအေး (၃) လမ်း၊ အမှတ် (၉၃) နေအိမ်မှ အကြမ်းဖက်     သင်တန်းတက် ရောက်ခဲ့သူ ဆုသစ္စာ (၁၉) နှစ်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ     နိုဝင်ဘာ   ၁    ရက်တွင် လှိုင်မြို့နယ်၊    (၁၂)  ရပ်ကွက်၌ ခင်မောင်ချို   (ခ)  ချာတိတ်  (၆၂)နှစ်ကို   ဖမ်းဆီးရမိခဲ့ပြီး   ၎င်း၏ ထွက်ဆိုချက်အရ     လှိုင်မြို့နယ်၊ (၁၂)   ရပ်ကွက်၊   ပါရမီလမ်း၌ ဇေယျာလင်း (၃၄) နှစ်ကို  ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိ
တရားခံ   ခင်မောင်ချို  (ခ)ချာတိတ်၏    ထွက်ဆိုချက်အရ နိုဝင်ဘာ ၂ ရက်တွင် လှည်းကူး မြို့နယ်၊    ဒကူတုန်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ကိုအောင် (ခ) အောင်အောင်၏ နေအိမ်အား  ဝင်ရောက်ရှာဖွေရာ ကျော်ကျော် လွင်  (၂၉)   နှစ်နှင့် အေးအေးမွန် (၃၃) နှစ်တို့ နှစ်ဦးကို ယမ်းမှုန့်  တစ်ထုပ်၊   လက်လုပ်ဒုံးသီး   ခုနစ် လုံး၊    လက်လုပ်ဗုံး    တစ်လုံး၊ လက်လုပ်ချိန်ကိုက်မိုင်း    နှစ်လုံး၊ ဂြိုဟ်တုဖုန်း    သုံးလုံး၊    Laptop သုံးလုံး၊   CD   အချပ်   ၅၀   ပါ  တစ်ထုပ်၊  ဂျင်ကလိ  နှစ်ချောင်း၊ M-22 ကျည် ၆၅ တောင့်၊ ပြုလုပ် ဆဲ လက်လုပ်ဗုံး ၄၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ     အေးအေးမွန်၏ ထွက်ဆိုချက်အရ          နိုဝင်ဘာ ၂   ရက်တွင်   ဒကူတုန်းကျေးရွာ အနောက်ဘက်     တောင်ယာတဲ အတွင်းမှ   စိုးကြူမျိုး (ခ) အာနိုး (၂၁)   နှစ်ကို    M-16   သေနတ်  တစ်လက်၊ ၎င်းကျည်အိမ်  တစ်ခု၊ M-22   သေနတ်    တစ်လက်၊ ၎င်းကျည်အိမ်    တစ်ခု၊   ၁၂   ဗို့ သေနတ် တစ်လက်၊ တူမီးသေနတ်  တစ်လက်၊   ၅ ဒသမ ၅၆   ကျည်    အတောင့်   ၅၀၊   ၁၂    ဗို့ကျည်  အတောင့် ၂၀ တို့နှင့်အတူ    ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ စိုးကြူမျိုး(ခ)အာနိုး ၏    ထွက်ဆိုချက်အရ  နိုဝင်ဘာ  ၂   ရက်တွင်   ဒကူတုန်းကျေးရွာ အနောက်ဘက်     တောင်ယာတဲ အနီးမှ ဇော်ဇော်ထက် (၂၃) နှစ်နှင့် သက်ပိုင်ဦး (၂၉) နှစ်တို့  နှစ်ဦးကို  Sigsauer   ပစ္စတို     တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် ၂၀ နှင့်လည်းကောင်း၊    မျိုးမင်းနိုင် (၃၉) နှစ်နှင့်ခင်မောင်ဦး  (၆၆)နှစ် တို့ နှစ်ဦးကို လက်လုပ်သေနတ် တစ်လက်နှင့်     လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
သိမ်းဆည်းရမိ
တရားခံ    မျိုးမင်းနိုင်    ၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၄ ရက် တွင်   တွံတေးမြို့နယ်၊    ကျွဲလမ်း ကျေးရွာရှိ     ဖမ်းဆီးရန်ကျန် တရားခံ     ကျော်ကျော်လင်း   (ခ) တရုတ်လေး     ၏      ငါးကန်မှ လက်လုပ်သေနတ်    တစ်လက်၊ လက်လုပ်စိန်ပြောင်း   ငါးလက်၊ လက်လုပ် စိန်ပြောင်းဗုံးသီး ၁၆၈ လုံး၊ လက်လုပ်ဗုံး ၅၀၊ လက်လှည့် ယမ်းကြိတ်    ကိရိယာ    တစ်ခု၊ ဂျင်ကလိ ၁၅ ချောင်းတို့ကို လည်း ကောင်း၊   နိုဝင်ဘာ  ၇  ရက်တွင် ငါးကန်အား       ထပ်မံရှာဖွေရာ လက်လုပ်စိန်ပြောင်း တစ်လက်ကို လည်းကောင်း  သိမ်းဆည်းရမိ ခဲ့သည်။ 
ဖောက်ခွဲရေးသင်တန်း
ဖမ်းဆီးရမိ      တရားခံများမှ အကြမ်းဖက်     ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့မှု အနေ ဖြင့် တရားခံ ဆုသစ္စာ သည် KNLA တပ်မဟာ    (၆)  နယ်မြေတွင် လည်းကောင်း၊ တရားခံ စိုးကြူ မျိုး (ခ) အာနိုးသည် ဖမ်းဆီးရန် ကျန် တရားခံ ဖြိုးမာန်ဦး (ငါးဆူ တောင်ရွာနေသူ) ၏   ချိတ်ဆက် ပေးမှုဖြင့်  KNLA  တပ်မဟာ  (၇)နယ်မြေတွင်         လည်းကောင်း အကြမ်းဖက်       ဖောက်ခွဲရေး သင်တန်းများ   တက်ရောက်ခဲ့ ကြောင်း၊ တရားခံ ဇော်ဇော်ထက် နှင့် သက်ပိုင်ဦး တို့သည် ဖမ်းဆီး ရန်ကျန် တရားခံ ကျော်ကျော်လင်း (ခ)   တရုတ်လေး    နေထိုင်သော တွံတေးမြို့နယ်၊     ကျွဲလမ်းရွာ၊ ငါးကန်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ   ခင်မောင်ချို   (ခ) ချာတိတ်   ၏    ထွက်ဆိုချက်အရ ကျော်မင်းယု (ခ) ဂျင်မီ ဦးဆောင် သော Moon  Light Operation အကြမ်းဖက်အဖွဲ့မှ     ဖမ်းဆီးရန် ကျန် တရားခံ စောသက်ထွန်း (ခ) တည်ကြည်နှင့်   တင်မောင်လွင် တို့က   Star   Light   Operation အဖွဲ့အား အကြမ်းဖက်လုပ်ငန်း များ       ဆောင်ရွက်ရန်အတွက် ဩဂုတ် ၈ ရက်တွင် အင်အား (၂၀)  ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ Star Light Operation အဖွဲ့ကို အကြမ်းဖက်လုပ်ငန်းများ ဆောင် ရွက်နိုင်ရန်     လက်နက်/ခဲယမ်း များအား  အောက်တိုဘာ ၇ ရက် တွင် Moon Light Operation အကြမ်းဖက်အဖွဲ့မှ   ဖမ်းဆီးရန် ကျန် တရားခံ စောသက်ထွန်း (ခ)တည်ကြည်  သည်  အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော  NUG  မှ တရားခံပြေး  လွင်ကိုလတ်  နှင့် ဆက်သွယ်၍   Star    Light Operation    အဖွဲ့ခေါင်းဆောင် ခင်မောင်ချို(ခ)ချာတိတ် ထံသို့  M-16    လေးလက်၊     AK-47 နှစ်လက်၊ MK-12 နှစ်လက်၊ 12-V Short Gun နှစ်လက်၊ ၉မမ ကျည် ၁၈၀၊  AK-47  ကျည်  ၃၆၀၊ M-16    ကျည်  ၃၅၀  တို့ကို တွံတေးမြို့နယ်၊      ကျွဲလမ်းရွာရှိ ငါးကန်တွင် ပေးအပ် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ    ခင်မောင်ချို   (ခ) ချာတိတ်၊ သက်ပိုင်ဦး၊ မျိုးမင်းနိုင်၊ ဇော်ဇော်ထက်၊  ဇေယျာလင်းနှင့် ခင်မောင်ဦးတို့သည် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် တွံတေးမြို့နယ်၊ ကျွဲလမ်းရွာရှိ     ဖမ်းဆီးရန်ကျန် တရားခံ   ကျော်ကျော်လင်း  (ခ)တရုတ်လေး   ၏   ငါးကန်တွင် လက်လုပ်ဗုံးများ၊     လက်လုပ် သေနတ်များ  ပြုလုပ်ခဲ့ကြောင်း၊ Star Light Operation အဖွဲ့တွင် လက်လုပ်ဗုံးများ        ပြုလုပ်ရန် လိုအပ်သောငွေကြေးအား တွံတေး မြို့နယ်၊ NLD ပါတီ ဘဏ္ဍာရေးမှူး  ဟောင်း ဖမ်းဆီးရန်ကျန် တရားခံ  ကိုကိုလတ် နှင့် ကျော်ကျော်လင်း (ခ) တရုတ်လေး တို့က ထောက်ပံ့ ပေးခဲ့ကြောင်း      ဖော်ထုတ်သိရှိ ရသည်။
တရားခံ    ခင်မောင်ချို   (ခ)ချာတိတ် က Moon Light Opera-tion လုပ်ဆောင်ရန်အတွက် လုံခြုံ ရေးတပ်ဖွဲ့များ ဖြန့်ခွဲထားရှိမှုနှင့်  ပတ်သက်၍ စုံစမ်းရန် ဖမ်းဆီး ရန်ကျန် တရားခံ အောင်ပိုင်ထက် (ခ)  မိထက်  အား  တွံတေးနှင့် လှည်းကူးမြို့နယ်ကို        လည်း ကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ပြည့်စိုးနိုင်(ခ) သံချောင်း (ခ) ပီနို  အား ရန်ကင်း၊ ဒလနှင့် မင်္ဂလာဒုံ မြို့နယ်တို့ကို     လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ အောင် အောင် (ခ) ကိုအောင် အား မရမ်း ကုန်းမြို့နယ်ကို    လည်းကောင်း တာဝန်   ပေးအပ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။
Moon   Light   Operation အကြမ်းဖက်အဖွဲ့မှ ကျော်မင်းယု (ခ) ဂျင်မီ အနေဖြင့် အကြမ်းဖက် လုပ်ငန်းများ  ဆောင်ရွက်နိုင်ရေး Star Light Operation အဖွဲ့အား တွံတေးမြို့နယ်ရှိ      နယ်မြေခံ တပ်ရင်း၊      တွံတေးမြို့မရဲစခန်း၊ ဘုရားငုတ်တိုကျေးရွာ ရဲကင်းနှင့်  ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့မှူး တစ်ဦးကို         လည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ မြေစာရင်းရုံး၊ EPC ရုံး၊ သမဝါယမ ရုံး၊  မြိုမရဲစခန်းနှင့် ၃-လမ်းဆုံ လုံခြုံရေးစခန်းတို့ကို     လည်း ကောင်း၊ ဒလမြို့နယ်ရှိ မှော်စက် ရစဖရုံး၊ မြို့ဝင်ဆိပ်ကြီးနှင့် လုံခြုံ ရေးစခန်းတို့ကို    လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ စည်ပင်ရုံးနှင့်    ကညနရုံးတို့ကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ရှိ    မြို့နယ်ရဲစခန်း၊    ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊   EPC ရုံးနှင့်    လမ်းဆုံမီးပွိုင့်    တို့ကို လက်လုပ်ဗုံးဖြင့်    တိုက်ခိုက်ရန် ညွှန်ကြား     စေခိုင်းထားကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ      တရားခံများမှ လှိုင်မြို့နယ်နှင့်      တွံတေးမြို့နယ် အတွင်း         အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့မှုအနေဖြင့်-
တရားခံ    မျိုးမင်းနိုင်    သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် လှိုင် မြို့နယ်၊        သီရိမင်္ဂလာဈေး ကွမ်းဒိုင်ပိုင်ရှင် အပြစ်မဲ့ပြည်သူ ဦးအုန်းထွန်း ကို လည်းကောင်း၊ ဇူလိုင် ၁၈ ရက်တွင် တွံတေးမြို့၊ ကွမ်းခြံကုန်း         ရပ်ကွက်၊ ထန်းညီနောင် ဆန်စက်လမ်းနေ အပြစ်မဲ့ပြည်သူ ဦးစိန်လွင် ကို လည်းကောင်း ဓားဖြင့်လုပ်ကြံ သတ်ဖြတ်ရာတွင်          ပါဝင် ကျူးလွန်ခဲ့ကြောင်း။ 
တရားခံ    မိုးကျော်သူ   (ခ)ကွမ်းသီး သည် အောက်တိုဘာ ၁၃    ရက်တွင်    လှိုင်မြို့နယ်၊ အုတ်ကျင်း     ဘူတာရုံလမ်းရှိ တပ်မတော်  ဒန်သတ္တုစက်ရုံ   ၏    အုတ်တံတိုင်း    အနီးတွင် လက်လုပ်        ချိန်ကိုက်မိုင်း တစ်လုံးကို ဖောက်ခွဲခဲ့ကြောင်း နှင့် အောက်တိုဘာ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ သီရိမြိုင်ဘူတာ အနီးရှိ          အပြစ်မဲ့ပြည်သူ ဦးသိန်းဦး    အား     သွားရောက် လုပ်ကြံရာတွင်       တရားခံ မိုးကျော်သူ    (ခ)    ကွမ်းသီး၊ ဆုသစ္စာတို့မှာ ကင်းထောက် ပေး၍ ဖမ်းဆီးရန်ကျန် တရားခံ ဇော်ဇော် က ပစ္စတိုသေနတ်ဖြင့်  ပစ်ခတ်   သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၂၂ ဦး၊  မ  ငါးဦး၊  ပေါင်း  ၂၇  ဦး၊  လက်နက်ငယ်မျိုးစုံ   ငါးလက်၊ တူမီးသေနတ်        တစ်လက်၊ လက်လုပ်သေနတ်       နှစ်လက်၊ ကျည်အိမ်မျိုးစုံ လေးခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ယမ်းမှုန့် တစ်ထုပ်၊ လက်လုပ်စိန်ပြောင်း    ခြောက် လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂၆ လုံး၊    ဂျင်ကလိ    ၆၇    ချောင်း၊ ဂြိုဟ်တုဖုန်း သုံးလုံး၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး   သုံးခု၊    ဓာတ်ငွေ့ကာ မျက်မှန် သုံးခု၊ Laptop သုံးလုံး၊ ယမ်းကြိတ်ကိရိယာ     တစ်ခုနှင့် အတူ  အခြားဆက်စပ်ပစ္စည်းများ ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး     ဆက်လက် ဆောင်ရွက်သွားမည်      ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား    ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်      တိုက်ဖျက် ကြရန်နှင့်          ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက်    ၎င်းတို့ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့   လျှို့ဝှက်စွာ    သတင်းပေး တိုင်ကြားနိုင်ကြောင်း၊    သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း နှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက်   ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။
သတင်းစဉ်