နေပြည်တော် ဇွန် ၂၉
အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် ဘောလုံးကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက အဖွင့်ပွဲစဉ်ဖြစ်သည့် အနောက်တောင် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် နယ်မြေခံ လေတပ်စခန်းဌာနချုပ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြ သည်။
အဆိုပါ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇူလိုင် ၁၃ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



