
နေပြည်တော် စက်တင်ဘာ ၁၀
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ် လည်နေ့ကို ယနေ့တွင် တိုင်းစစ် ဌာနချုပ်ရှိ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပညာသင်နှစ်အလိုက် ထူးချွန် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ စစ်မှုထမ်းဟောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက တိုင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားသည်။ ထို့ နောက် နှစ် (၅၀) ပြည့် ရွှေရတု တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ရာ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် ထူးချွန်စွာအောင်မြင့် ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူး ရရှိအောင် သင်ကြားပြသပေးသည့် ဆရာ ဆရာမများ၊ အိမ်ထောင်သည် လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သန့်ရှင်းရေး အကောင်းဆုံးဆု ရရှိကြသူများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးကြသည်။
ထို့ပြင် ညနေပိုင်းတွင် တိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး အနုပညာရှင်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်