အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန်  ဩဂုတ်  ၂၉
နေပြည်တော်ရှိ    ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင်  ၂၀၂၄ ခုနှစ် ဩဂုတ်  ၁၉ ရက် မှ ၂၀ ရက် ထိ     ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော       ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့်   တိုင်း ဒေသကြီး/       ပြည်နယ်     တရား လွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/         ပြည်နယ် တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ် မြောက်      လုပ်ငန်းအစည်းအဝေး တွင်     မှာကြားချက်များအပေါ်     ထပ်ဆင့်ရှင်းလင်းသည့်     အခမ်း အနားကို   ဩဂုတ်    ၂၈   ရက်က ရန်ကုန်တိုင်းဒေသကြီး      တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ       ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး    တရား လွှတ်တော်      တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က     အမှုများကို ကြန့်ကြာမှုမရှိစေဘဲ     မှန်ကန် မြန်ဆန်စွာ   စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်း      ဆောင်ရွက်ကြရန်၊ ကြီးလေးသည့် ပြစ်မှုကျူးလွန်သူ များ          အပေါ်ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ကြရန်၊ စေ့စပ် ဖြေရှင်းရေးစနစ်သည်    အချိန်တို အတွင်း        အမှုများပြီးပြတ်သည့် အတွက်    တရားမမှုများ    မှန်ကန် မြန်ဆန်စွာပြီးပြတ်ရေး အထောက် အကူဖြစ်သောကြောင့် တရားရုံး က ဦးဆောင်သည့် စေ့စပ်ဖြေရှင်း ရေးစနစ်    ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက်           ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်၊     သက်သေခံ ပစ္စည်းများ   လေလွင့်ဆုံးရှုံးမှုမဖြစ် ပေါ်စေရေး         မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်ကြရန်၊ ရုံးလုပ်ငန်း များ ဆောင်ရွက်ရာတွင် မှားယွင်း မှုများ၊     အားနည်းချက်များ    မရှိ စေရေး    အဆင့်ဆင့်အလေးထား စိစစ်ဆောင်ရွက်ကြရန်၊    အလေး ထားဆောင်ရွက်ရမည့်     ကိစ္စရပ် များအပေါ်    သေချာစွာ      စိစစ် ဆောင်ရွက်ကြရန်၊ သေချာစွာစိစစ် မှုမပြုခြင်းကြောင့်  ထိခိုက်နစ်နာမှုများမဖြစ်ပွားစေရန်     ကြပ်မတ် ဆောင်ရွက်ကြရန်နှင့်      ဝန်ထမ်း များ     လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊    နည်းဥပဒေ၊    ကျင့်ဝတ် စည်းကမ်းများကို      ကျေပွန်စွာ လိုက်နာစောင့်ထိန်းကြရန် စသည် ဖြင့်  မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားသည်။
အဆိုပါ   ထပ်ဆင့်ရှင်းလင်းပွဲ သို့    တိုင်းဒေသကြီး      တရား လွှတ်တော်   တရားသူကြီးများ၊ တိုင်းဒေသကြီး     တရားရေးဦးစီး မှူးနှင့် တိုင်းဒေသကြီး တရားရေး လွှတ်တော်၊ ခရိုင်/ မြို့နယ်တရား ရုံးများမှ      တရားသူကြီးများ၊ တရားရေးအရာရှိများ  စုစုပေါင်း ၁၃၆ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အောင်မြင့်(ပြန်/ဆက်)