အမှန်တကယ် စိုက်ပျိုးမွေးမြူလုပ်ကိုင်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းရှင်များအား ရန်ပုံငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်

 

ဘားအံ   အောက်တိုဘာ   ၁၈


ကရင်ပြည်နယ်နိုင်ငံ့စီးပွား မြှင့်တင် ရေး    ပြည်နယ်အဆင့်  ကျေးရွာ စီမံကိန်းကြီးကြပ်မှု   ကော်မတီ၏ (၇/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက     ပြည်နယ် အစိုးရအဖွဲ့ရုံး      အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။

 


အစည်းအဝေးတွင်     ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က   အမှန်တကယ်    စိုက်ပျိုးမွေးမြူ လုပ်ကိုင်ပြီး       နိုင်ငံ့စီးပွားမြှင့်တင် ရေးကို       အထောက်အကူပြုနိုင် သည့် လုပ်ငန်းရှင်များအား  နိုင်ငံ့ စီးပွားမြှင့်တင်ရေး   ရန်ပုံငွေများကို အမြန်ဆုံး    ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ရန်     လိုအပ်သကဲ့သို့ အတည်ပြုထားသည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍  ကွင်းဆင်းစိစစ်ပြီး လုပ်ထုံး    လုပ်နည်းများနှင့်အညီ ထုတ်ချေးပေးရန်      လိုကြောင်း၊ အစည်းအဝေးသို့  တက်ရောက်လာ သူများကလည်း  နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ       ကိစ္စရပ်များ ကို      အကောင်အထည်ဖော်ရာ၌ လိုအပ်သည်များကို      ဝိုင်းဝန်း အကြံပြု       ဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။

 


ယင်းနောက်  ပြည်နယ်စီးပွား ရေးရာဝန်ကြီး  ဦးစောခင်မောင်မြင့် က        အချိန်ကာလတိုအတွင်း  လျင်လျင်မြန်မြန်ဖြင့်      အကျိုး အမြတ်ရရှိနိုင်မည့်     စီးပွားရေး လုပ်ငန်းများ     ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။

 


ထို့နောက်      ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်မှု ကော်မတီဝင် များက   ငါးမွေးမြူရေး၊   ဆန်စက်၊ ဆီစက်     စသည့်သမဝါယမအသင်း အဖွဲ့များ     ဖွဲ့စည်း၍     ချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ် များ၊       နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းကော်မတီ ဖွဲ့စည်း ထားမှု၊    အရင်းမပျောက်မတည် ငွေဖြင့်     ပေါင်းစည်းလယ်ယာ (ငါးကဏ္ဍ)   ဆောင်ရွက်မည့်အခြေ အနေ၊   ပိုင်ဆိုင်မှုနှင့်    ချေးငွေယူ မည့်ပမာဏ၊  ကျေးရွာမြစိမ်းရောင် စီမံကိန်း   လုပ်ငန်းအဖွဲ့   ဖွဲ့စည်း           ပြီးစီးမှုနှင့်     လုပ်ငန်းဆောင်ရွက်မှု ကို ရှင်းလင်းတင်ပြကြပြီး အစည်း အဝေးသို့      ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်   တက်ရောက်လာသော  ခရိုင်၊ မြို့နယ် အဆင့်     ကျေးရွာစီမံကိန်း ကြီးကြပ်မှု        ကော်မတီများက  သက်ဆိုင်ရာ    မြို့နယ်၊   ကျေးရွာ များအလိုက်      တောင်သူများ၏ စိုက်ဧကများနှင့် ချေးငွေထုတ်ချေး ပေးနေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က     တင်ပြ ချက်များအပေါ်    ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း   ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား     ပြောကြား သည်။

 


မွန်းလွဲပိုင်းတွင်      ပြည်နယ် ဝန်ကြီးချုပ်သည်  ကရင်ပြည်နယ် ဘားအံမြို့သေဋ္ဌမာရ်အောင်ဘုရား ကြီး၌  (၃၂)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ   (၇)ကျမ်း    ရွတ်ဖတ် ပူဇော်ပွဲ      အောင်မြင်ပြီးမြောက် သည့် အခမ်းအနားသို့ တက်ရောက် ပြီး       ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော     ဧည့်ပရိ သတ်အပေါင်းတို့က    နိုင်ငံတော် ဩဝါဒါစရိယ   နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော်မဟာ     ဂန္ထဝါ စကပဏ္ဍိတ     ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလ    ခံယူဆောက်တည်ကြ ကာ     သံဃာတော်အရှင်သူမြတ် များထံမှ     မေတ္တသုတ်   ပရိတ် တရားတော်များ    နာယူကြည်ညို ကြသည်။

 


ထို့နောက်  ပြည်နယ်  ဝန်ကြီး ချုပ်၊   ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊      ပြည်နယ် အစိုးရအဖွဲ့ဝင်များက     ဆရာ တော်၊      သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  နဝ ကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကြပြီး     ဂေါပကအဖွဲ့ဝင် တစ်ဦးက     အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ  ဖြစ်မြောက်ရေး ဂေါပကအဖွဲ့၏     ဆောင်ရွက်ချက် များကို    လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်     ဧည့် ပရိသတ်အပေါင်းတို့သည် လှူဒါန်း မှုအစုစုတို့အတွက်  ရေစက်သွန်းချ    အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

            
သတင်းစဉ်