အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာ ပြည်သူများအား ၎င်းတို့ နေရပ်သို့ ပြန်လည်ပို့ဆောင်

 

အမ်း   နိုဝင်ဘာ  ၆ 


ရခိုင်ပြည်နယ်    အမ်းမြို့နယ်၌  တိုက်ပွဲရှောင်စခန်း/စုရပ်များရှိ ‌နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၁၇၅ စု၊   လူဦးရေ ၆၉၁ ဦးအား  နိုဝင်ဘာ ၆ ရက်  နံနက် ၈ နာရီ က မိုးလုံလေလုံအားကစားခန်းမ မှ    ၎င်းတို့နေရပ်သို့    ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

 


အဆိုပါတိုက်ပွဲရှောင် စခန်း/စုရပ်များရှိ ‌နေရပ်စွန့်ခွာပြည်သူ များအား     ၎င်းတို့နေရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ    မော်တော်ယာဉ် ၁၁ စီးဖြင့်ပြန်လည်   ပို့ဆောင်ပေးခဲ့သည်။   အဆိုပါ     နေရပ်စွန့်ခွာပြည်သူများ ပြောင်း ရွှေ့မှုကို နယ်မြေခံ တပ်မတော် သားများက   ကူညီဆောင်ရွက်ပေး နေမှုအား    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ    ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်    အောင်ကျော်မင်း နှင့် တာဝန်ရှိသူများ၊   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ       တာဝန်ရှိသူများက ကြည့်ရှု၍     အားပေးစကား ပြောကြားကာ  ဒါးလက်ကျေးရွာ အုပ်စု အလယ်ကျွန်းကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)