အမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စီစဉ်ဆောင်ရွက်ပေးသော အခြေခံစားကုန်ပစ္စည်းများရောက်ရှိ၊ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

နေပြည်တော်    မေ    ၃
ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်း သူများက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည့်အပြင်    ဆက်သွယ်ရေးလမ်းကြောင်းများ အား  နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ  လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်း ဆက်သွယ်ရေး   လုံခြုံချောမွေ့စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့   ဆောင်ရွက်ပေးရာတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အမ်းခရိုင်ရှိ    ဒေသခံပြည်သူများအတွက်   အခြေခံ စားသောက်ကုန်ပစ္စည်းများ    တင်ဆောင်လာပြီး အမ်း- ပဒါန်း လမ်းကြောင်းအတိုင်း ထွက်ခွာလာသည့် ကုန်စည်ပို့ဆောင်ရေး အရပ်ဘက်  မော်တော်ယာဉ် ၂၇ စီးသည်   မေ ၂ ရက်  ညနေပိုင်းတွင်  အမ်းမြို့သို့
ရောက်ရှိလာရာ   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်    ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး    သောင်းထွန်းနှင့် တာဝန်ရှိသူများ၊      အမ်းခရိုင်  အထွေထွေအုပ်ချုပ်ရေး   ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်  မြို့မိ မြို့ဖများ၊   ဒေသခံပြည်သူများက ဝမ်းပန်းတသာကြိုဆိုကြသည်။
အဆိုပါ    ကုန်ပစ္စည်းများ တင်ဆောင်လာသည့်   မော်တော် ယာဉ်များအား    အမ်း - ပဒါန်း လမ်းတစ်လျှောက်တွင်     AA အကြမ်းဖက်သောင်းကျန်းသူများ ကနည်းမျိုးစုံဖြင့် ပိတ်ဆို့နှောင့်ယှက် ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်   လုံခြုံရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်ပေးခဲ့သဖြင့် အမ်းမြို့သို့ အချိန်မီ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ မော်တော်ယာဉ်များ ဖြင့် ရောက်ရှိလာသည့် ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီ၊ ငရုတ်   စသည့်အခြေခံ စားသောက်ကုန်   ပစ္စည်းများကို ယနေ့မွန်းလွဲပိုင်းတွင် အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌   ဒေသခံ ပြည်သူများအား  သက်သာသော ဈေးနှုန်းဖြင့်   ရောင်းချပေးခဲ့ရာ တစ်ခဲနက်   ဝယ်ယူအားပေးကြ သည်။
အမ်းမြို့နှင့်     ပတ်ဝန်းကျင် ကျေးရွာ များမှ   ဒေသခံပြည်သူများ အနေဖြင့်   ယခုကဲ့သို့    စားရေး အခက်အခဲ   ဖြစ်ပေါ်နေချိန်တွင်  အခြေခံစားသောက်ကုန်များအား   သက်သာသောဈေးနှုန်းများဖြင့်    ရောင်းချပေးမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်လျက်    ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်