
နေပြည်တော် ဒီဇင်ဘာ ၂၇
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ် ဟိုပန်မြို့နယ် စံပြကျေးရွာနေ ဒေါ်မေးဟိတ်က ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်နေ ချွေးမဖြစ်သူ မ xxx ၂၁ နှစ်ကို တရုတ်လူမျိုးတစ်ဦးထံမှ ယွမ် ၃၀၀၀၀ ချေးယူထားသဖြင့် အလုပ် လုပ်၍ဆပ်ပေးရန် ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင် ရောင်းစားခဲ့သဖြင့် ကွမ်းလုံမြို့မရဲစခန်း(ပ) ၂၁/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လားရှိုး ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်တွင် တရားခံ ဒေါ်မေးဟိတ်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။ သတင်းစဉ်