အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော် ဖေဖော်ဝါရီ ၂၅


ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ်      ဘုရားကုန်းကျေးရွာ အုပ်စုနေ ဒေါ်စန်းဌေး(ခ) ဒေါ်ဌေး (မိ)၊ သန်လျင်မြို့နယ် ကြာအင်း ကျေးရွာနေ          မမိုးမိုးဆွေ (တိမ်းရှောင်)၊    ရှမ်းပြည်နယ် မူဆယ်မြို့နေ        မကေသီဝင်း (တိမ်းရှောင်)၊ တရုတ်နိုင်ငံ ရွှေလီ မြို့နေ မရှမ်းမ(တိမ်းရှောင်)တို့က ရန်ကုန် တိုင်းဒေသကြီးနေ မ---(၃၈ နှစ်)ကို   တရုတ်နိုင်ငံတွင် အိမ်ဖော်အလုပ်    လုပ်ကိုင်ပါက တစ်လငွေကျပ်      သုံးသိန်းနှင့် တရုတ်ယောကျ်ားနှင့် လက်ထပ် ပါက ငွေကျပ်သိန်း ၂၀ ရရှိမည်ဟု ပြောဆိုစည်းရုံး၍      တရုတ် ယောကျ်ားထံ  ပို့ဆောင်ရောင်းစား ခဲ့ပြီး    ငွေကြေးအကျိုးအမြတ် များ   ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် သန်လျင်မြို့မရဲစခန်း (ပ) ၃၄၂၅/ ၂၀၁၉၊    လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)ဖြင့် တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားခံ ဒေါ်စန်းဌေး (ခ)   ဒေါ်ဌေးအား  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က) အရ အလုပ်နှင့် ထောင် ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင် တရားခံများအား   တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

 


ထို့အတူ ရန်ကုန်တိုင်းဒေသ ကြီး ဒေါပုံမြို့နယ်နေ အောင်မြင့် သိန်းနှင့်    သန်လျင်မြို့နယ်နေ တင်တင်မော်  (ခ) မိမော်တို့က သန်လျင်မြို့နယ်နေ မောင် --- (၁၇နှစ်)ကို ပင်လယ်ကျားဖောင် တွင်    အလုပ်လုပ်ပါက   လစာ ကောင်းကြောင်း၊ အလုပ်လုပ်ပါက ကြိုတင်ငွေကျပ် ရှစ်သိန်း ရမည် ဖြစ်ကြောင်း၊    လမ်းစရိတ်ခံ၍ ပို့ဆောင်ပေးမည်  ဖြစ်ကြောင်း ပြောဆိုစည်းရုံး၍ ငါးဖမ်းလုပ်ငန်း သို့ ပို့ဆောင်ခဲ့ပြီး ငွေကြေးအကျိုး အမြတ်များအား ခေါင်းပုံဖြတ်ရယူ ခဲ့သဖြင့်    သန်လျင်မြို့မရဲစခန်း (ပ) ၃၄၇၂/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂   ဖြင့်  အမှုဖွင့်အရေးယူခဲ့ပြီး တောင်ပိုင်းခရိုင်      တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ  ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားခံ အောင်မြင့် သိန်းနှင့်    တင်တင်မော်   (ခ) မိမော်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄  အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                

သတင်းစဉ်