
နေပြည်တော် ဩဂုတ် ၉
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံရောင်းစား၍ ငွေကြေး အကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ
ကချင်ပြည်နယ် တနိုင်းမြို့နယ်နေ ဒေါ်ရှီးမာဆာ(ခ) ဒေါ်ပိုက် က လိပ်စာတူနေ မ --- (၃၁) နှစ်ကို လီဆူအမျိုးသားတစ်ဦးနှင့် အိမ်ထောင်ချပေးမည်၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ လာရောက်တောင်းရမ်းမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံး၍ တရုတ် နိုင်ငံသား လင်ကျီးယဲ့ထံ ရောင်းစားကာ ငွေကြေးအကျိုးအမြတ် များရယူခဲ့သဖြင့် တနိုင်းမြို့မရဲစခန်း (ပ) ၄/ ၂၀၂၁၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြစ်ကြီးနား ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဩဂုတ် ၅ ရက်တွင် တရားခံ ဒေါ်ရှီးမာဆာ(ခ) ဒေါ်ပိုက် ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်