အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစားပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃


အမျိုးသမီးတစ်ဦးကို   တရုတ်အမျိုးသားထံ   ရောင်းစားပြီး ငွေကြေးအကျိုးအမြတ်  ခေါင်းပုံဖြတ်ရယူခဲ့သူကို  လူကုန်ကူးမှုဖြင့်  အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်နေ ဒေါ်မိညှပ်(ခ) ဒေါ်ဝင်းတင်က လိပ်စာတူနေ မ --- (၁၉) နှစ်အား မူဆယ်မြို့ရှိ အထည်ဆိုင်တွင်   အလုပ်လုပ်ကိုင်ပါက  တစ်လလျှင်   ငွေကျပ် နှစ်သိန်းရမည်ဟု  စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို့ခေါ်ဆောင်ကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကျောင်းကုန်းမြို့မရဲစခန်း (ပ)၄၇၄/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂  ဖြင့်  အမှု ရေးဖွင့်၍ ကျုံပျော်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်တွင် တရားခံ ဒေါ်မိညှပ်(ခ) ဒေါ်ဝင်းတင်ကို  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ   ပုဒ်မ ၂၄/၃၂ အရ   အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်