
နေပြည်တော် ဒီဇင်ဘာ ၁၄
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်း စေပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူး မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
မွန်ပြည်နယ် သထုံမြို့ အောက်ကျင်းရပ်ကွက်နေ မဇာခြည်ဦး က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နေ မ----(၁၉) နှစ်အား တရုတ်နိုင်ငံတွင် အိမ်ဖော်အလုပ်ရမည်ဟု စည်းရုံး ပြောဆို၍ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်း (ပ) ၅၄၆/၂၀၁၉၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ ဗိုလ်တထောင်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် တရားခံ မဇာခြည်ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်