
နေပြည်တော် ဒီဇင်ဘာ ၁၀
နေပြည်တော် အမျိုးသမီး ကော်မတီက ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေး (၁၆) ရက် တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ ရပ်ကွက် နန်းထိုက်ရတနာ မူလတန်းကြို ကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် နေပြည်တော် အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် နန်းထိုက်ရတနာ မူကြိုကလေး ငယ်များ၏ မိဘများ တက်ရောက် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်နေပြည်တော် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ဖို့ ယခုပင် ဆောင် ရွက်စို့” ဆောင်ပုဒ်ပင်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက် ရေးနေ့ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါကြောင်း၊ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကာလကို အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းလုံးမှာ ရှိသည့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုအမျိုးမျိုးမှ ရပ်တန့်နိုင်ဖို့ အတွက် “ဖဲကြိုးဖြူလေး” များ တပ်ဆင်ကာ (၁၆) ရက်တာ လှုပ်ရှားမှုဟုခေါ်သည့် လူထု လှုပ်ရှားမှုများကို ပုံသဏ္ဌာန် ပေါင်းစုံဖြင့် ကျင်းပလေ့ရှိကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ပြည်သူများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲပေးရေး ဆောင်ရွက် နေသလို မြန်မာနိုင်ငံ တစ်ဝန်းလုံး ရှိ ကျားမအခြေပြု အကြမ်းဖက် မှုများလည်း မဖြစ်ပေါ်စေရေး အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုမှ ကင်းသော ပျော်ရွှင်အေးချမ်းသည့် ဘဝတွင် နေထိုင်နိုင်ရန်၊ မိသားစုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းရည် မြှင့်တင်ပေးရန်အတွက် လုပ် ဆောင်ချက်များ၊ နည်းစနစ်များ၊ ဖွဲ့စည်းပုံများ၊ အလေ့အထများကို အကောင်အထည်ဖော် ဆောင် ရွက်ပြီး လူ့အခွင့်အရေးကို အပြည့် အဝရရှိနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် အမျိုးသမီး ကော်မတီ အတွင်းရေး မှူး ဒေါ်လှိုင်မိုးမြတ်က အမျိုးသမီး များ အကြမ်းဖက်မှုမှ ကင်းဝေး စေရန်အတွက် ဆောင်ရွက်နေ သည့် အသိပညာပေးလုပ်ငန်းများ ကို လည်းကောင်း၊ အမျိုးသမီး များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်ရေး ကို မန္တလာရောင်စဉ်အသင်းမှ ဒေါ်သက်သက်နွယ်က လည်း ကောင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ် ရေးဥပဒေကို နေပြည်တော် တရားမျှတရေးစင်တာမှ တရား လွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့် အေးတို့က လည်းကောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)