အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်

နေပြည်တော် မတ် ၈ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား (၂၀၂၁ ခုနှစ်) ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ online စနစ်၊ Hybrid ပုံစံဖြင့် ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန်နှင့် ဦးစိုင်းလုံးဆိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ဦးမောင်းဟာနှင့် စောဒန်နီယယ်တို့၏ ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီး ဒေါ်ခင်မေရီ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး များ၏ဇနီးများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ သံအမတ်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက Online စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က video message ဖြင့် အမှာစကားပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားကို စာမျက်နှာ- ၃ တွင် သီးခြားဖော်ပြထားပါသည်။) ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် အမှတ်(၅)၊ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ပါ ပြဋ္ဌာန်းချက်များအပေါ် အခြေခံ၍ အမျိုးသမီးအခွင့်အရေးများကို လေးစားခြင်း၊ ကာကွယ်ပေး ခြင်း၊ မြှင့်တင်ပေးခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်က ဆောင်ရွက်ပေးနေပါကြောင်း။ ပြင်ဆင်ဖွဲ့စည်းသွားမည် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီး များဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဦးဆောင်လမ်းညွှန် ဆောင်ရွက်သွားရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်ကစ၍ နိုင်ငံအဆင့်ယန္တရားအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအပြင် အမျိုး သမီးအရေးကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု အောက်တွင် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကော်မတီအဆင့်ဆင့်ကို ပြင်ဆင်ဖွဲ့စည်းသွားမည် ဖြစ်ပါ ကြောင်း။ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့်လည်း အစိုးရဦးဆောင်သည့် ကော်မတီအတွင်း ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို ၂၀၁၃ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါစီမံကိန်းကို CEDAW၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်း လုပ်ငန်းစီမံချက်တို့ကို အခြေခံ၍ လုပ်ငန်းဧရိယာ (၁၂)ရပ် ချမှတ် ဆောင်ရွက်ကာ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရေး အတွက် နည်းပညာလုပ်ငန်းအဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းအစီအစဉ် (Work Plan) များကိုလည်း နှစ်အလိုက် ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ NSPAW Phase II ကိုလည်း ဆက်လက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ကြိုးပမ်းဆောင်ရွက် ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ပါ ဦးစားပေးကဏ္ဍ (၆)ရပ်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေးအတွက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီး ဖြစ်သကဲ့သို့ နိုင်ငံအဆင့် လုပ်ငန်းစီမံချက်ကို အတည်ပြုပြီး အကောင်အထည်ဖော် နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေ ရေးရာကဏ္ဍအနေဖြင့်လည်း ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်း ရန် လိုအပ်သည်များကိုလည်း အတည်ပြုပြဋ္ဌာန်းခြင်းများ ဆောင်ရွက် ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက် မှုများကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးနိုင်ရေးအတွက် အမျိုး သမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်း နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများကို သတင်းပို့ တိုင်ကြားနိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး အကြမ်း ဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်း စရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ အခြားသော ဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကို လူမှု ရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) (၂၅၀) ဦးဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက် ပေးနိုင်ရေး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယား စသည့် နေရာ (၅)ခုတွင် One Stop Women Support Center (OSWSC) များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ အကောင်အထည်ဖော်မှုများကို UNCEDAW ကော်မတီသို့ အစီရင်ခံစာများကို တင်သွင်းလျက်ရှိရာ လက်ရှိတွင် မြန်မာနိုင်ငံ၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ တင်သွင်းနိုင်ရေး အတွက်အစီရင်ခံစာ ရေးသားရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး အစီရင်ခံစာပြုစုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် အာဆီယံ အမျိုးသမီးကော်မတီ (ACW)နှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေး နှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) ၌လည်း နိုင်ငံအဆင့် Focal Point အဖြစ် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ASEAN Regional Plan of Action on the Elimination of Violence Against Women-RPA EVAW) နှင့် ပတ်သက်၍ ကာလလတ် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း။ အားလုံးတက်ညီလက်ညီပူးပေါင်း မြန်မာအမျိုးသမီးထုကြီးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိအချိန် ကိုဗစ်- ၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း အမျိုးသမီးကဏ္ဍကို နောက်ကျန်မနေခဲ့စေရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ ကြောင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရရှိပြီးသည့် အောင်မြင်မှုများပြန်လည်ဆုတ်ယုတ် မသွားစေရန် ကြိုးပမ်းကာကွယ်သွားရမည် ဖြစ်ပါကြောင်း၊ “တန်းတူညီမျှတဲ့ အနာဂတ် ဖော်ဆောင်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်လို့ COVID-19 တုံ့ပြန် စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကိုဗစ်- ၁၉ ကပ်ရောဂါမှ ပြန်လည် ထူထောင်ရေးနှင့် ပိုမိုတန်းတူ ညီမျှသော အနာဂတ်ဖော်ဆောင်ရေးတို့ အတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း ပြောကြားသည်။ ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့ လာသည့် သဝဏ်လွှာကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်